ပွဲမှာတွေ့တိုင်း အမြဲတမ်းပြောတယ်။

မေကဗျာကတော့ သူမကို အဆိုတော်ချောစုခင်က အားကျနေတဲ့ အချက်တွေရှိတယ်လို့ ဆိုပါတယ်။ တော်တော် ကံကောင်းတဲ့သူလို့လည်း ပြောပါတယ်တဲ့။

Photo: May Kabyar



မေကဗျာကတော့ လက်ရှိ ဖြတ်သန်းနေတဲ့ သူမရဲ့ ဘဝလေးကို ပျော်အောင်နေတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ပြိုကွဲခဲ့တဲ့ အကြောင်းအရာအပေါ်မှာလည်း ခံစားချက်သိပ်မရှိဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့အပေါ် နာကျင်ခဲ့ရတာမျိုးလည်း မရှိဘူး။ ကဗျာကံကောင်းတယ်လို့ပြောရမယ်။ မချောစုခင် ဆိုရင် အရမ်းပြောတယ်။ သမီးက အရမ်းကံကောင်းတာပဲတဲ့၊ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းပျော်နေတာပဲ စိတ်ချမ်းသာရတယ်တဲ့။ အပူအပင်လည်းမရှိရဘူးတဲ့။ သမီးလေး တစ်ယောက်လည်းရထားတယ်။ အိမ်ထောင်သည်တွေရဲ့ ဒုက္ခလည်း မခံစားရဘူး၊ တော်တော်ကံကောင်းတယ် လို့ပြောတယ်’’ လို့ သူကဆိုပါတယ်။

Photo: May Kabyar

မေကဗျာဟာ စိတ်လွတ်လပ်မှုကို နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း စိတ်ပင်ပန်းရတဲ့ အလုပ် မလုပ်ဘူးဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့ညက ‘’ကမ္ဘာ နှစ်ထပ်’’ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’အစ်မ ကိုယ်တိုင်က စိတ်ညစ်ရမယ့် အလုပ်ကိုလည်း မလုပ်ဘူး။ စိတ်ညစ်ရတဲ့ လမ်းကိုလည်း မလျှောက်ဘူး။ စိတ်ချမ်းသာရမယ့် လမ်းကိုပဲ သွားတယ်။ အားလုံးကိုလည်း စိတ်ချမ်းသာစေချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်နေတယ်။ အရွယ်အားဖြင့်လည်း စဉ်းစားတတ်တဲ့ အရွယ်ရောက်လာပြီ။ အဲဒီအတွက် ကိုယ်စိတ်ချမ်းသာတဲ့ လမ်းကိုပဲ ကိုယ်လျှောက်တယ်’’ လို့ ဆိုပါတယ်။

Photo: A Lin Young

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က