လူအစုံ ခေါ်တတ်နေပြီ။

လွင်မိုးကတော့ မြေးဖြစ်သူ Liam လေးရဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Lwin Moe



လွင်မိုးကတော့ အလုပ်အားတဲ့ အချိန်တွေမှာ မြေးလေးဖြစ်သူ Liam နဲ့အတူတူ ဆော့ကစားလေ့ရှိတဲ့ အမှတ်တရဓာတ်ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်လေ့ရှိသူပါ။ အခုဆိုရင်တော့ Liam လေးက စကားတွေ ပြောတတ်နေပြီလို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

" ကလေးနဲ့ သူ့အဖေ အမေကတော့ တစ်ပတ်ကို (၃) ရက်လောက် အွန်လိုင်းကနေ စကားပြောကြတယ်။ ကလေးကလည်း ဖေဖေ၊ မေမေ ဆိုတာချည်းပဲ။ ကလေးက ဘယ်သူနဲ့ တူသလဲဆိုတာ ပြောပြလို့တော့ မရသေးဘူး။ ပြီးတော့ သူက စကားပြောတတ်တာ တအားစောတယ်။ အခုဆိုရင် သားသား၊ ဘွားဘွား၊ ဘိုးဘိုး၊ ဖေဖေ၊ မေမေ၊ တီတီ အစုံကို ပြောတတ်နေပြီ" ဆိုတာကို သြဂုတ်လ (၂၇) ရက်နေ့က အလိုတော်ပြည့်ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Lwin Moe

ပြည်ပမှာ ကျောင်းတတ်နေရတဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး တို့ ဇနီးမောင်နှံကလည်း မြန်မာနိုင်ငံကို အရမ်းပြန်လာချင်နေကြပြီလို့ လွင်မိုးက ဆက်လက် ပြောပြခဲ့ပါတယ်။ 

" အခုကတော့ Covid ကြီးက အမျိုးမျိုးဖြစ်နေတာနဲ့ ဟိုမှာနေတဲ့ ကလေးတွေက ပြန်လာရမလိုလို၊ မပြန်လာရမလိုလိုဖြစ်တာပေါ့။ သူတို့ နှစ်ယောက်ကတော့ မြန်မာနိုင်ငံကို အရမ်းပြန်လာချင်နေကြတာပါပဲ။ သူတို့ရဲ့ ကျောင်းတွေကလည်း မပိတ်ဘူးလေ။ အွန်လိုင်းကနေ စာသင်နေရတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Lwin Moe

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ လက်ရှိမှာတော့ ချစ်ရတဲ့ ဇနီး မမေသူနဲ့အတူ သမီးလေးတွေဖြစ်ကြတဲ့ ယွန်းဝတီလွင်မိုး၊ ယွန်းနဒီလွင်မိုး တို့ရဲ့ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က