ဒီလောက က နာမည်မကြီးရင် အာမခံချက်မရှိဘူး။

နွဲ့နွဲ့စန်းကတော့ မြေးဖြစ်သူကို အနုပညာအလုပ်တွေ မလုပ်စေချင်သေးတဲ့ သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

ဝါရင့်ရုပ်ရှင်မင်းသမီးကြီး နွဲ့နွဲ့စန်းကတော့ အနုပညာအလုပ်ကို ဝါသနာပါတဲ့ မြေးဖြစ်သူ ရာဇဝင်မင်း နဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မြေးလေးကို ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 



“ အနုပညာအလုပ်ကို သူက ဝါသနာပါတယ်။ အမေတို့က ခွင့်မပြုနိုင်သေးတာ။ သူက စာလည်းတော်တယ်၊ အခုမှ အသက်(၁၆)နှစ်ဆိုတော့ အကယ်ဒမီ ရွှေကြိုတောင်မှ ပထမအရွေးကို အမေထည့်ပေးတယ်၊ ဒုတိယအရွေးကိုတော့ အမေ အပါမခံတော့ဘူး။ စာဘက်ကို ပေါ့သွားမှာစိုးရိမ်တယ်။ အနုပညာဆိုတာ နာမည်ကြီးလာမှ အဆင်ပြေတာ နာမည်မကြီးရင် အာမခံချက်မရှိဘူး။ ဒါကြောင့် ပညာရေးကိုပဲ ဦးစားပေးတယ်” ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေး မှာ ဖြေဆိုခဲ့တာပါ။ 

ရာဇဝင်မင်းဟာ လက်ရှိမှာ တက္ကသိုလ်ဝင်တန်း တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ နွဲ့နွဲ့စန်းရဲ့ မြေး ၊ သရုပ်ဆောင် တြီကို ရဲ့ သားဖြစ်တယ်လို့ နွဲ့နွဲ့စန်းက ပြောပါတယ်။ သူကိုယ်တိုင်ကလည်း မြေးလေး ကို ဇာတ်ကားတွေ ရိုက်ကူးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

“ အခုချိန်မှာ သူ့ကို အနုပညာအလုပ်တွေ မလုပ်စေချင်ပေမယ့် (၁၀) တန်းပြီးသွားရင်တော့ ဇာတ်ကား ပေးရိုက်မယ်လို့ ပြောထားတယ်။ သူ့ကို ရိုက်ပေးမယ့် ဇာတ်ကားတွေကိုတော့ ဥ ထားရတာပေါ့။ အနုပညာသမားတိုင်းကလည်း လက်တွဲခေါ်ချင်တဲ့စိတ်မရှိကြဘူး။ ဒါအမှန်ပဲ။ သူ့အဖေ တြီကို တုန်းကဆိုရင် သူက ချောလည်းချောတယ်၊ အသားလည်း တကယ်လှတယ်။ အဲဒီတော့ မင်းသားတွေနဲ့တွဲရင် ဘာပြောလဲဆိုတော့ သူ့ကို ခေါ်ရိုက်ရင် ကျွန်တော်တို့က အသက်ကြီးမှန်း သိမှာပေါ့ဆိုပြီးတော့ အပြောခံရဖူးတယ်။ အသားက ဝင်းတော့ အနီရောင်ဝတ်ထားရင် ပိုတောက်ပတယ်။ အဲဒီတော့ အင်္ကျီလဲပေးပါတို့ အပြောခံခဲ့ရဖူးတယ်” လို့ သူက ဆိုပါတယ်။ 


ဒေါ်နွဲ့နွဲ့စန်းကတော့ အဖြူအမဲ ရုပ်ရှင်ခေတ်ကတည်းက အနုပညာအလုပ်တွေ လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပါ အောင်မြင်ကျော်ကြားသူ တစ်ယောက်ပါ။ ပြည်ပနိုင်ငံမှာ ပထမဆုံး သွားရောက်ကပြခဲ့ရတဲ့ အငြိမ့်မင်းသမီးဖြစ်လို့ ဘိလပ်ပြန် နွဲ့နွဲ့စန်း လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ ဒီနေ့ ဒီအချိန်ထိ အနုပညာအလုပ်တွေ လုပ်နေတဲ့ ဝါရင့် မင်းသမီးချောကြီး တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က