မေမေ့ကို အဆင်ပြေတဲ့သူနဲ့ တွေ့စေချင်တယ်။
Sabal Thwin

မြူလင်းကိုကို ကတော့ တစ်ယောက်တည်း သီးသန့်နေတတ်သူဖြစ်တာကြောင့် မိခင်ရဲ့ အနားမှာ အမြဲတမ်း ရှိနေတတ်သူမဟုတ်ဘူးလို့ဆိုပါတယ်။ 

မြူလင်းကိုကို ကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်ပါတယ်။ မိခင်ဖြစ်သူနဲ့ အဆင်ပြေတဲ့ လူကောင်းတစ်ယောက်နဲ့ ဆုံစေချင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ရွေးချယ်တဲ့ Type ဆိုတာ မြူနှင်းအတွက်လည်းမရှိဘူး။ ဘယ်သူ့အတွက်မှမရှိဘူး။ အမေ နဲ့ အဆင်ပြေဖို့က အဓိက ပဲလေ။ အမေ့ကိုလည်း ကိုယ်က သမီးတစ်ယောက်ဆိုပြီးတော့ ဒီလိုကိစ္စတွေမှာ လိုက်ပြီးတော့ တားဆီးထားတာမျိုးလည်း မလုပ်ပါဘူး။ အဲဒါကြောင့် အမေ့အတွက် ကောင်းတဲ့သူရှိရင်လည်း ရှာပေါ့လေလို့ပြောထားတယ်” ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့က Sam Sam နဲ့ Music Video ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

  

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ကတော့ မြူလင်းကိုကို ကိုငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ အထီးကျန်မှုတွေကိုလည်း သူမမြင်ရတယ်လို့ မြူလင်းကိုကို က ပြောပါတယ်။ 

“ အမေက အရမ်းစိတ်ပူတတ်တယ်။ ပြီးတော့ သူက မြူလင်းငယ်ငယ်ကတည်းက အထီးကျန်နေတဲ့သူပါ။ ကိုယ်ကလည်း တစ်ယောက်တည်းနေတတ်တဲ့သူဆိုတော့ အမေ့အတွက် အဖော်ကောင်းမဟုတ်ဘူးလေ။ ဖြစ်နိုင်ရင် မြူနှင်းက ကိုယ့်အခန်းတံခါးပိတ်ပြီး ကုတင်ပေါ်မှာပဲအေးအေးဆေးဆေးလေး နေချင်တဲ့သူပါ။ ဘွားဘွားတို့က အဲဒီလို နေတာ မကြိုက်ကြတော့ စိတ်ညစ်ညစ်နဲ့ အခန်းအပြင် ထွက်လာခဲ့ရတာတွေရှိဖူးတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Lin Zarni Zaw

မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ


Author


က္က