ဒီနေ့(မတ်လ ၁၁ရက်) မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် မေသန်းနုရဲ့ အမှုအတွက် အယူခံဝင်တာ ရှုံးနိမ့်ခဲ့ပြီလို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ 

Photo: May Than Nu



သရုပ်ဆောင်မေသန်းနုရဲ့ အမှုနဲ့ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ဒီနေ့(မတ်လ ၁၁ရက်) က အယူခံဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုအပေါ် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီကျော်က အမိန့်ချမှတ်လိုက်ပြီလို့ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။ 

“အယူခံဝင်တာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး တိုင်း အထိ တက်ဖို့ ကြိုးစားသွားပါမယ်။ အခုလို ကိစ္စ ဖြစ်သွားတဲ့အပေါ် ကျွန်တော့်သားအတွက် စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်” ဆိုပြီးတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ မတ်လ ၁၁ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ သူနဲ့ အတူ မေသန်းနုရဲ့ အမှုကိစ္စမှာ ကူညီဆောင်ရွက်ပေးနေတဲ့ Star & Model Agency ရဲ့ CEO ကိုဂျွန်လွင်ကလည်း “ စိတ်မကောင်းလိုက်တာ အယူခံမအောင်ဘူး။ ဝဋ်ရှိသ၍ပေါ့ မဆင့်ရေ” ဆိုပြီးတော့ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: May Than Nu

စင်ရော်မောင်မောင်အနေနဲ့ သူချစ်တဲ့ သားလေးတစ်ယောက် ခံစားနေရတာတွေကို မကြည့်ရက်တော့ တာကြောင့် မေသန်းနုရဲ့ အမှုကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချ ချခဲ့ရတာလည်း ဖြစ်ပါတယ်။ တရားလိုဘက်က တင်ပြမှုတွေဟာ တရားမျှတမှု မရှိဘူးလို့လည်း စင်ရော်မောင်မောင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း အသိပေးပွဲမှာ ပြောပြခဲ့ဖူးပါတယ်။ အဲဒီနောက် အပြစ်ဒဏ်ကျခံနေရတဲ့ ဇနီးဟောင်းဖြစ်သူ သရုပ်ဆောင် မေသန်းနု ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်မိတယ်လို့သူက ပြောပါတယ်။ 

Photo: Zin Yaw Mg

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့် ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က