အောက်တိုဘာလောက်မှာ ပြုလုပ်ဖြစ်မယ်လို့ဆိုပါတယ်။

ချစ်စနိုးဦးကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာ မင်္ဂလာဆောင်မယ်လို့ သိရပါတယ်။ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်လည်း ဝမ်းသာပီတိတွေ ဖြစ်နေပါပြီတဲ့။


Photo: Chit Snow Oo



ချစ်စနိုးဦးတစ်ယောက် ၂၀၁၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ပြုလုပ်ကျင်းပမယ့် မင်္ဂလာပွဲလေးအတွက် ရင်ခုန်နေပြီလို့ ဆိုပါတယ်။ ပွဲအတွက် ပြင်ဆင်နေရင်း ပျော်လည်းပျော်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူများတွေကတော့ပြောတယ်၊ ယောကျ်ားမယူနဲ့တဲ့ ဒါပေမယ့် သူများတွေတောင် ယူတာပဲနော် ကိုယ်လည်း ယူကြည့်ချင်တာပေါ့။ အခုလောလောဆယ်ကတော့ အရမ်းပျော်နေပါတယ်။ အရင်တုန်းကတော့ မင်္ဂလာဝတ်စုံတွေ ဝတ်ရတာ အလုပ်အတွက်ပေါ့။ ဒါပေမယ့် ကိုယ့်ပွဲအတွက် ကိုယ်ပြင်ဆင်ရင်း စိတ်လည်းပင်ပန်းရတယ်။ ပျော်လည်း ပျော်ပါတယ်။ မင်္ဂလာပွဲကို အောက်တိုဘာလောက်တော့မှန်းထားတယ်။ သေချာပြီဆိုရင် ပြန်ပြောပါ့မယ်နော်’’ လို့ သူကဆိုပါတယ်။


Photo: Chit Snow Oo

အိမ်ထောင်ပြုပြီးခဲ့ရင်လည်း ရင်သွေးလေးယူဦးမယ်လို့ ချစ်စနိုးဦးက ပြောပါတယ်။ ဒါပေမယ့်လည်း သူမနဲ့ ခင်ပွန်းလောင်းတို့ရဲ့ ကံတရားအတိုင်းပဲဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့က Aroma 2020 Wedding ပွဲကြီးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’ ကလေးကတော့ ယူမှာပါ။ အိမ်ထောင်ကျကျပြီးချင်းတောင်မှ အစ်မတို့ယူချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကံတရားပေးရင်တော့ယူမှာပေါ့နော်။ အသက်အရွယ်တူတဲ့သူတွေတောင်မှ ကလေး ၂ ယောက်၊ ၃ ယောက်ဖြစ်နေပြီ။ ခေတ်ကြီးကလည်းအရမ်းတိုးတက်လာတော့ အစ်မကလေးနဲ့ အစ်မနဲ့ အသက်ကြီးကွာသွားတာမျိုးလည်း မဖြစ်ချင်ဘူး။ ကံတရားက ပေးလာရင်တော့ အစ်မ ချက်ချင်းယူချင်ပါတယ်’’လို့ ဆက်လက်ပြောပြလာပါတယ်။



Photo: Chit Snow Oo

ချစ်စနိုးဦးဟာ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း ပြောပြလာပါတယ်။ မိန်းကလေးဖြစ်တာကြောင့်လည်း အိမ်မှုကိစ္စတွေနိုင်နင်းဖို့အတွက် အမေနဲ့ အဖွားက သင်ပေးထားတယ်လို့ဆိုပါတယ်။

‘’ငယ်ငယ်တုန်းကတည်းက အစ်မ အမေ၊ အဖွားတို့ဆိုရင်လည်း အိမ်တစ်အိမ်မှာ မိန်းကလေး တစ်ယောက်အနေနဲ့ တက်သင့်တက်ထိုက်တာကို သင်ရမယ်ဆိုပြီးတော့ သင်ပေးထားတယ်။ ကိုယ်မလုပ်ခဲ့ရရင်တောင် သူများကို ခိုင်းတဲ့အခါကျရင် ကိုယ်ကမတက်ရင် လူလည်ကျသွားမယ်ပေါ့။ အမြဲသိထားရမယ်ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက သင်ခဲ့တာ အခုဆို အိမ်အလုပ်လည်း အစ်မလုပ်တယ်။ စီးပွားရေးဆိုလည်း အစ်မအနုပညာလေးနဲ့ အစ်မ ရပ်တည်တယ်။ အစ်မအတွက်ကတော့ အိမ်ထောင်ပြုဖို့အတွက် ထွေထွေထူးထူး ပြင်ဆင်ရတာမျိုး မရှိပါဘူး’’ လို့ သူကဆိုပါတယ်။


Photo: Chit Snow Oo

သရုပ်ဆောင် အဆိုတော် ချစ်စနိုးဦးနဲ့ အဆိုတော် ဖိုးသား တို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာလ အတွင်းမှာ မင်္ဂလာဆောင်မယ်လို့ သိရပါတယ်။ ချစ်စနိုးဦးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာပါ။ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းကတော့ ၆ နှစ်ကျော်ပါပြီတဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က