မင်္ဂလာဝတ်စုံဝတ်ပြီး ကျော်ကျော်နဲ့ အလှဓာတ်ပုံရိုက်ခဲ့တဲ့ ဆုမြတ်နိုးဦး။

ကျော်ကျော်ကတော့ မင်္ဂလာဆောင်ဓာတ်ပုံကို ဆုမြတ်နိုးဦးနဲ့ ရိုက်ကူးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်တွေ အထင်လွဲတာကိုလည်း ပြန်မဖြေရှင်းခဲ့ဘူးလို့ ဆုမြတ်နိုးဦးကပြောပါတယ်။

Photo: Kyaw Kyaw



သရုပ်ဆောင် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက် စာမျက်နှာပေါ်တင်လိုက်တဲ့အခါမှာ ပရိသတ်တွေက အံ့သြခဲ့ရပါတယ်။ ဒီဓာတ်ပုံအကြောင်းကို သရုပ်ဆောင် ကျော်ကျော်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အဓိက ကတော့ ဆုမြတ်နိုးဦးက ကိုကျော်ရယ် ပုံတင်လိုက်ပါလားတဲ့။ အဲဒါနဲ့ အေးပါလို့ မြတ်နိုးသဘောပဲလေ ဆိုပြီးတော့ တင်ဖြစ်လိုက်တာပါ။ ဓာတ်ပုံကို ကြည့်ပြီးတော့လည်း ဘယ်သူမှ မယုံပါဘူး။ ယူမယ်ဆိုရင်လည်း သူက ကျွန်တော့်ကို ယူမှာပါ။ ကျွန်တော်က သူ့ကို မယူပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း စနောက်ခဲ့ပါတယ်။

Photo: Kyaw Kyaw

အဲဒီနောက် ဆုမြတ်နိုးဦးကလည်း ကျော်ကျော်ရဲ့ စနောက်ရင်းပြောလာတဲ့ စကားအပေါ် ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကို သဘောတူခဲ့ကြပါသေးတယ်တဲ့။

‘’ Wedding ပြက္ခဒိန်ရိုက်တာပါ။ သူတင်လိုက်တာလေ အထင်ကြီးခံရ နည်းလားပေါ့။ ညီမ ဘာမှ မပြောပါဘူး။ အထင်ခံရတာပေါ့။ ပရိသတ်က ယုံလား မယုံလားတော့မသိဘူး။ Comment ကနေ Congratulations တွေ လုပ်နေကြတာ။ သူကလည်း ပြန်မဖြေဘူး ဒီအတိုင်းထားထားတာ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyaw Kyaw

သရုပ်ဆောင် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က ချစ်သူတွေဖြစ်နေကြတာလားဆိုတဲ့သတင်းတွေက အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ ချစ်သူတွေ မဟုတ်ဘူးဆိုတာလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် နှစ်ယောက်စလုံးက ငြင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကိုလည်း ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ဖက်ရှင် မဂ္ဂဇင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့သူပါ။ လက်ရှိမှာလည်း သူတို့ နှစ်ဦးစလုံးဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရသူတွေဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က