Stay Home ကြောင့် သိပ်မတွေ့ရဘူးလို့ဆိုပါတယ်။

ကောင်းပြည့် ကတော့ ချစ်သူဖြစ်တဲ့ သန္တာဗိုလ်နဲ့ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားတာလေးတွေကို ပြောပြလာပါတယ်။ 

Photo: Kaung Pyae



သရုပ်ဆောင် ကောင်းပြည့် နဲ့ သန္တာဗိုလ်တို့ ချစ်သူ နှစ်ဦးကတော့ ချစ်သူသက်တမ်း(၈) နှစ်ရှိပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ကောင်းပြည့်ဟာ ချစ်သူလေးနဲ့ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားပြီလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားတာလေးတွေက ရှိပါပြီ။ ဒါပေမယ့် ဖွင့်မပြောပြချင်သေးဘူး။ ပြောပြလို က်ရင်လည်း စိတ်ကူးထားတာ သိသွားရင် ဘာမှ မထူးဘူးလေ ဒါကြောင့် မပြောပြတာပါ” ဆိုပြီးတော့ ဇွန်လ (၁၀) ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀)ပြည့် ရိုက်ကူးရေး မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း Surprise တွေ လုပ်တတ်လွန်းလို့ အားကျရတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲဆိုရင်လည်း မမှားပါဘူး။ 

Photo: Kaung Pyae

လက်ရှိမှာတော့ COVID-19 ကာလဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း မတွေ့ဖြစ်ဘူးလို့ ကောင်းပြည့်က ပြောပါတယ်။ ချစ်သူကို လွမ်းတဲ့အကြောင်းတွေလည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

“ Stay Home ကာလလည်းဖြစ်တော့ သူနဲ့ သိပ်မတွေ့ဖြစ်ဘူး။ နည်းနည်းအရေးအကြောင်းရှိမှသာ သွားတွေ့ဖြစ်တာများတယ်။ လွမ်းတာတော့ လွမ်းတာပေါ့နော် Video Call ပုံမှန်ပြောဖြစ်တယ်။ လွမ်းပေမယ့်လည်း သေချာတော့ ဂရုစိုက်ရမယ်လေ။ ကိုယ့်တစ်ယောက်အတွက်နဲ့ သူများတွေကို ဒုက္ခမရောက်စေချင်ဘူး။ ဒီတော့ ကိုယ့်စိတ်ကိုယ် မြိုသိပ်ပြီးနေရမှာပေါ့” လို့ ဆိုပါတယ်။ 

Photo: Kaung Pyae

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ စုံတွဲလေးဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က