ဒါကလည်း အမှတ်တရ တစ်ခုပါ။
Sabal Thwin

ပိုင်ဖြိုးသုကတော့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို အလုပ်တွေလုပ်ရင်း ဖြတ်သန်းရတော့မယ်လို့ ဆိုပါတယ်။ သူမအတွက်တော့ ၂၀၁၉ ခုနှစ်ဟာ ပျော်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်တဲ့။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ ၂၀၁၉ ခုနှစ် နှစ်စမှာကတည်းက အရမ်းကို ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေး ကျင်းပခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ သူမအတွက်တော့ ၂၀၁၉ ခုနှစ်ဟာ အမှတ်တရကောင်းများစွာ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“၂၀၁၉ မှာ သုသုအတွက် ပျော်စရာတွေ ပိုများမယ်လို့ထင်တယ်။ ၂၀၁၉ ၁ ရက် ၁ လ စတဲ့နေ့က သုသုရဲ့ မင်္ဂလာဆောင်ပေါ့နော်။ တစ်သက်မှာ တစ်ခါဆိုတော့ အဲဒါလေးကလည်း တော်တော် ပျော်ခဲ့ရတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း သုသုရိုက်ချင်တဲ့ ကာရိုက်တာလေးတွေရိုက်ခွင့်ရခဲ့တယ်။ မင်္ဂလာနှစ်ပတ်လည် နေ့မှာတော့ ဇာတ်ကားရိုက်နေရမှာပေါ့။ ဦးရေခဲက ထုံးစံအတိုင်း ဘယ်လိုမှ မRo တဲ့ လူကြီးဆိုတော့ ကားရိုက်ကို ၁ ရက် ၁ လကနေ စတည်ထားတယ်” လို့ သူကဆိုပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးတို့ကတော့ ၂၀၂၀ ခုနှစ် ၁ လပိုင်း ၁ရက်နေ့ဆိုရင် မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာတော့ ရိုက်ကူးရေးလုပ်ရင်း အတူတူဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

“ နားလည်ပေးရမှာပဲလေ ဒါက အလုပ်လုပ်တာပဲပေါ့နော်။ သုသုလည်း ကိုယ့်အလုပ်ကို လောဘကြီးသလို ကိုဏကြီးကလည်း သူ့အလုပ်ကို လောဘကြီးတာပဲလေ။ ကောင်းတဲ့ဘက်ကလှည့်ကြည့်ရင် ပျော်စရာလေးတောင် ဖြစ်သေးတယ်။ ဘာလဲဆိုတော့ သုသုတို့နှစ်ယောက်ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး စထုတ်လုပ်တဲ့ ဇာတ်ကားလေးပေါ့နော်။ အဲဒီဇာတ်ကားလေးကို သုသုတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ စရိုက်ရတဲ့ ဇာတ်ကားလေးဆိုတော့ Save memory ဖြစ်သွားတာပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က Summer ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Paing Phyo Thu

ခင်ပွန်းဖြစ်သူ ဏကြီးအတွက်တော့ ပိုင်ဖြိုးသုဟာ ဘယ်လို ဇနီးတစ်ယောက်ဖြစ်မလဲ ဆိုပြီးတော့ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပိုင်ဖြိုးသုက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြန်ပါသေးတယ်။

“ ကိုယ်က နားလည်ပေးတတ်တဲ့သူထဲမှာ မပါဘူး။ သုသု စိတ်ကနှစ်ခွ တစ်ခါတလေ အရမ်း လူကြီးတွေဆန်နေတာ၊ တစ်ခါတလေကျရင်လည်း ဘာမဟုတ်တာလေးနဲ့ ကောက်ရင် ကောက်နေတာ။ ကိုဏကြီးက အရမ်းချော့တတ်တဲ့အထဲမှာ မပါဘူး။ သုသုကလည်း အကြာကြီးမကောက်တတ်ဘူး။ အိမ်မှာလည်း သမီးအလတ်ဖြစ်နေတာလေ။” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ခဲ့တာပါ။ Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး ထူထောင်လိုက်တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က