ဘာသတင်းတွေဖြစ်မလဲ။

နေခြည်ဦးကတော့ ပရိသတ်တွေကို ၂၀၂၀ခုနှစ်မှာ သတင်းကောင်းတွေပေးဖို့ရှိတယ်လို့ဆိုပါတယ်။ ဒီအတွက် အခုချိန်မှာ ကြိုးစားနေပါတယ်တဲ့။

Photo: Nay ChiOo



နေခြည်ဦးကတော့ ပရိသတ်တွေကို သတင်းကောင်းပေးမယ့် အစီအစဉ်လေးရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“၂၀၂၀ ခုနှစ်မှာ နေခြည့်ပရိသတ်တွေအတွက် သတင်းကောင်းတွေ၊ သတင်းထူးတွေအများကြီးရှိပါတယ်။ နေခြည်ကိုယ်တိုင်က Influencer လည်းလုပ်နေတယ်၊ မင်းသမီးလည်း လုပ်နေတာဖြစ်တဲ့အတွက် အဲဒီ နှစ်ခုကြားထဲမှာ တော်တော်လေး တိုင်ပတ်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: Nay ChiOo

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း အမြဲတမ်း အသစ်အဆန်းတွေ ချပြလေ့ရှိသူတစ်ဦးပါ။ ဒါကြောင့် နောက်ထပ် အသစ်အဆန်းတစ်ခုအတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“မင်းသမီးတစ်ယောက်သွားတဲ့လိုင်းနဲ့ Blogger တစ်ယောက်သွားတဲ့လိုင်းက မတူပါဘူး။ ဒီကြားထဲမှာလည်းနေခြည်ကြိုးစားနေတယ်။ ၂၀၂၀မှာတော့ နောက်ထပ်ချပြစရာ အကြောင်းအရာတွေ အများကြီးပေါ်ပေါက်လာမှာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၆ ရက်နေ့က Lux ရေချိုးဆပ်ပြာအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nay ChiOo

နေခြည်ဦးက သူမရဲ့ ဘဝမှာ ရည်မှန်းချက်တွေအများကြီး ထားထားတယ်လို့လည်း ပြောပါတယ်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ ဖြစ်အောင်လို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

“ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီအရွယ်မှာ လူငယ်တစ်ယောက်ဟာ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တာ အကောင်းဆုံးပဲလို့ နေခြည်ထင်တယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာဆိုလည်း မိသားစု စီးပွားရေးကနေခွဲထွက်ပြီး စီးပွားရေး သက်သက်လုပ်နေတာရှိတယ်။ ဒါမှ မဟုတ် အလုပ်တစ်ခုခုတော့ ဆုပ်ဆုပ်ကိုင်ကိုင်ရှိနေပြီ။ ဒါကြောင့် ဒီအရွယ်မှာတော့ ကိုယ့်ခြေထောက်အပေါ် ကိုယ် ရပ်တည်သင့်နေပြီလို့ ထင်တယ်။ နေခြည်ကိုယ်တိုင်လည်း ကြိုးစားနေတုန်းပဲ” လို့ သူကဆိုပါတယ်။

Photo: Nay ChiOo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်တဲ့အခါမှာလည်း ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က