အခုတော့ လေ့လာသင့် သလောက် လေ့လာခဲ့ပြီလို့ ဆိုပါတယ်။

ခွန်းဆင့်နေခြည်က “မှော်ဝင်သမန်းကျား” ရုပ်ရှင်ထုတ်ခဲ့တုန်းက ဒုက္ခတွေလို မခံစားရအောင် New York University Film School မှာ ပညာသင်ကြားခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Nay Chi



ခွန်းဆင့်နေခြည်က ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမရိုက်ကူးထုတ်လုပ်ခဲ့တဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခဲ့စဉ်က အခက်အခဲတွေကို Duwun ကနေ ရင်ဖွင့်ပြောပြလာပါတယ်။ 

“ မှော်ဝင်သမန်းကျား ဇာတ်ကားကို ထုတ်လုပ်သူနေရာကနေ လုပ်လိုက်တဲ့ အချိန်မှာ ဒုက္ခပေါင်း မြောက်မြားစွာ ခံစားလိုက်ရတယ်။ ကုန်ကျစာရိတ်ဆိုတာကလည်း သာမန်ကား (၃) ကားစာလောက် ကုန်သွားတယ်။ ဒီဇာတ်ကား အရမ်းခက်ခဲတဲ့ ဇာတ်ကားမျိုးပေါ့။ နည်းပညာတွေ အများကြီးနဲ့ လုပ်ရတာဆိုတော့ ပညာရှင်တွေကို လိုက်အားကိုးရတာပေါ့။ တချို့ဆို အားကိုးပါတယ်ဆိုမှ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်သွားရတယ်” လို့ ဆိုပါတယ်။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ကတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်တာတွေကို New York University Film School မှာ ပညာသင်ကြားခဲ့တာတွေ့ရပါတယ်။ 

New York University Film School မှာ ပညာသင်ကြားခဲ့ရတဲ့ ခွန်းဆင့်နေခြည်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေ၊ အဆက်အသွယ်ကောင်းတွေ ရရှိလာပြီလို့ ဆိုပါတယ်။ ဒီ ပညာရပ်တွေနဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကား တွေ ရိုက်ဖို့ ခွန်အားတွေ ဖြစ်စေခဲ့တယ်လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။ 

“ ငါ ဒီလောကမှာ ဆက်လုပ်ဦးမယ်ဆိုရင် သိဖို့လိုတယ်၊ တက်ဖို့လိုတယ်။ သူများ ညှပ်ချတာကို ခံနေရမယ်ဆိုရင် အမြဲတမ်း ခံဘက်ချည်းကပဲ ဖြစ်နေမယ် အဲဒါတွေကြောင့် အစ်မက ကိုယ်သိချင်တဲ့၊ တတ်ချင်တဲ့ အပိုင်းလေးတွေကို သိအောင်၊ တတ်အောင် ကြိုးစားပြီးတော့ သင်ယူလိုက်တာ။ နောက်တကား ရိုက်ဖို့ အတွက် အားမွေးထားသလို ဝမ်းစာလည်း ဖြည့်ထားလိုက်ပြီ။ လက်ရှိ အခြေအနေမှာတော့ နောက် လုပ်မယ့် အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်မယ်လို့ ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က