ဖေ့စ်ဘွတ်မှာ ပေါက်ကွဲခဲ့တဲ့အကြောင်း ပြောလာပါတယ်။

ဇွဲနိုင်ဝင်းကတော့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဖြစ်လို့ ဘေးရောက်နေတာပါလို့ ရင်ဖွင့်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်စာမျက်နှာမှာ နာမည်တပ်ပြီး ခံစားချက်ကို ပေါက်ကွဲလိုက်တဲ့ အကြောင်းတွေကို သူက ပြောလာပါတယ်။ 

Photo: Zwe Naing Win



သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ဖြစ်တဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီးDuwun Media အင်တာဗျူးမှာ ရင်ဖွင့်ပြောပြလာပါတယ်။ 

“ တဖြည်းဖြည်း အသက်ရလာတဲ့အခါကျတော့ ဝူးဝူးဝါးဝါးတော့မရှိတော့ဘူး။ ဒါပေမယ့် နာမည်တပ်ပြီးပေါက်ကွဲမိတာကတော့ “တစ်ခါက ရန်ကုန်မြို့ပြများ” ဆိုတဲ့ ဇာတ်ကားဖြစ်မယ်ထင်တယ်။ ကျွန်တော်ကလည်း ဘယ်တော့မဆို ကျွန်တော်ပြောတဲ့စကားကို ကျွန်တော် တာဝန်ယူတယ်။ ဘာမှ ဖောင်းထုထားတာလည်း မဟုတ်ဘူး။ ဒီဇာတ်ကားမှာ ကျွန်တော်လည်း တစ်ထောင့်တစ်နေရာက ပါဝင်ထားတာပဲလေ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ညက ဘာစီလိုနာ Bar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Zwe Naing Win

သူကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူဖြစ်လို့ ဘေးရောက်သွားခဲ့တာတွေရှိတယ်လို့ ဇွဲနိုင်ဝင်းက ဆက်လက်ပြောပြလာပါတယ်။ 

“ မှန်တာပြောတော့ ဘေးရောက်တာပေါ့။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် စိတ်ဖြောင့် တဲ့လူတစ်ယောက်ဖြစ်အောင်နေတယ်။ လာပတ်ရင်တော့ အဲဒီအတိုင်းအထင်းသားပေါ်မှာပါပဲ။ ဒါပေမယ့် အများနဲ့ တစ်ယောက်ဖြစ်လာတဲ့အခါမှာ ဘယ်လောက်ပဲ မှန်မှန် မရပါဘူး။ ဘေးရောက်သွား တယ်ဆိုလည်း ရောက်သွားရမှာပဲ ဒါပေမယ့် ကျွန်တော်ကလည်း အဖြူရောင်ဆိုတဲ့ဟာကို အဝါရောင်ဆိုပြီး မပြောနိုင်ဘူး” လို့ ဆိုပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းဟာ အနုပညာလောကမှာ သူ့အတွက် ကြိုးစားဖို့ အခွင့်အရေးပေးလာတဲ့ နေရာတွေကနေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေဦးမယ်လို့ ပြောပါတယ်။ 

“ အခုချိန်မှာ ကိုသားညီဆိုလည်း သူ ဒါရိုက်တာတစ်ယောက်လိုရပ်တည်နေတာ အောင်မြင်တာပဲ။ ဘေးရောက်သွားတယ်ဆိုတာ ကျွန်တော် တစ်ယောက်တည်းရှိတာပါ။ သူ့ဟာနဲ့သူတော့ နေရာတွေ ရှိနေတာပါပဲ။ ကျွန်တော်လည်း ကျွန်တော်လုပ်လို့ရတဲ့နေရာ၊ ကျွန်တော် ရပ်တည်လို့ရတဲ့နေရာကနေ အနုပညာဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Zwe Naing Win

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက်လိုချစ်ရတဲ့ ကိုသားကြီး(ခ)ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။ ဇွဲနိုင်ဝင်းကိုတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သရုပ်ဆောင် ဒွေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရင်း ပရိသတ်အားပေးမှုတွေ ရရှိလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။


 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က