ဧပြီလ ၂၅ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

‘’မဟူရာ ရုပ်ရှင်ရုံ’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဒါရိုက်တာ ပြည့်ဇော်ဖြိုးကတော့ စိတ်လှုပ်ရှားလို့နေပါပြီ။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ အိန္ဒိယမင်းသမီးလေး ရီဟာရေး၊ နန်းဆုဦး၊ ထွန်းမင်းနဲ့ ခေးလရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: မဟူရာရုပ်ရှင်ရုံ



ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ‘’မဟူရာ ရုပ်ရှင်ရုံ’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ သူ့အတွက်တော့ ဒီရုပ်ရှင်ကားကြီးဟာ ပထမဆုံး အနုပညာဖန်တီးမှုဖြစ်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

‘’ရုပ်ရှင်ကား တစ်ကားဖန်တီးပြီးတဲ့အချိန်မှာ ကျွန်တော်ကလည်း အရင်ကတည်းက Independence Film Maker တစ်ယောက် ဘဝကနေလာတာဆိုတော့ Short Film တွေရိုက်တယ်၊ Documentary တွေရိုက်ပြီးတဲ့အချိန်မှာ အမြဲတမ်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကို တင်တယ်၊ ရွေးချယ်ခံရတာတွေရှိတယ်၊ ရွေးချယ်မခံရတာတွေလည်းရှိတယ်။ ကျွန်တော်က အရင်ကတည်းက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ခံရဖူးတယ်။ ဆုတွေလည်း ရဖူးတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကိုလည်း တက်ဖူးတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော့်အတွက် ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်နေတယ်ဆိုတော့ ရင်ခုန်ရတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: မဟူရာရုပ်ရှင်ရုံ

ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Jean Luc Godard Award အတွက် Monthly Winner (March 2019) အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးအတွက် ကြိုးစားမှုတွေကိုလည်း ကိုပြည့်ဇော်ဖြိုးက ဆက်လက်ပြောပြလာပါသေးတယ်။ 

‘’ ဘတ်ဂျက်ကလည်း အများကြီး ကြီးတယ်။ ကုန်ခဲ့ရတဲ့အချိန်တွေ၊ ဒီဇာတ်ကားအတွက် အလုပ်လုပ်တာ ၂ နှစ်ကျော်ပြီပေါ့နော်။ ဒီဇာတ်ကားအတွက် ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေ ရေးတဲ့အချိန်ကနေ စပြီးတော့ အခုချိန်ထိကို ဒီဇာတ်ကားအတွက်ပဲ အာရုံစူးစိုက်ထားတာဆိုတော့ အများကြီး ရင်းနှီးခဲ့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့် အခုလို ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရတဲ့ ပွဲ နှစ်ပွဲပေါ့နော်။ နောက်ထပ်လည်း တင်ထားတဲ့ပွဲတွေရှိပါတယ်။ ဆုတွေရဖို့လည်း မျှော်လင့်နေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: မဟူရာရုပ်ရှင်ရုံ

အဲဒီနောက် မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီနေတိုးကလည်း The Best Actor ဆုရရှိခဲ့ပြန်ပါသေးတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ အိန္ဒိယမင်းသမီးလေး ရီဟာရေး၊ နန်းဆုဦး၊ ထွန်းမင်းနဲ့ ခေးလရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က