သူ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟ ပြောပြလာပါတယ်။

မင်းသန့်မောင်မောင်ဟာ မိဘနှစ်ပါးနဲ့ အတူတူနေချင်တဲ့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ရင့်ကျက်လာပြီဖြစ်လို့ မိဘနှစ်ပါးကို နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Photo: Min Thant Mg Mg

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနု တို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင် ဟာ မိဘနှစ်ပါးစလုံး အသက်ရှိနေပေမယ့် အတူတူနေခွင့်မရတဲ့ ခံစားချက်တွေကို မီဒီယာ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

‘’ဘဝဆိုတာကို လက်ခံရတာပေါ့နော်။ ကျွန်တော်လည်း အတူတူနေချင်တာပေါ့။ တစ်ခါတလေ အဖေနဲ့လည်း အတူတူနေသလို၊ အမေနဲ့လည်း အတူတူနေချင်တာပေါ့။ အကောင်းဆုံးကတော့ နှစ်ယောက်စလုံးနဲ့ အတူတူနေတာ အကောင်းဆုံးပေါ့။ ဒါပေမယ့် နှစ်ယောက်စလုံးမှာလည်း အခက်အခဲတွေရှိတာပေါ့နော်။ ဘဝဆိုတာ ဒီလိုပဲ ကလေးစာအုပ်လို မဟုတ်တော့လည်း လူကြီးဆန်ရမယ်။ လူကြီးဆန်ဖို့အတွက်လည်း အကောင်းဆုံး ကြိုးစားရမှာပေါ့နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့က JCGV ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Min Thant Mg Mg

အဲဒီနောက် မင်းသန့်မောင်မောင်ဟာ အမေရိက မှာ တစ်ယောက်တည်း ပညာသင်ခဲ့ရတဲ့ အချိန်တွေကို ပြန်လည် ပြောပြလာပါတယ်။ ဒီအချိန်တွေဟာ သူ့ကို ရင့်ကျက်စေခဲ့ပါတယ်လို့ ပြောပါတယ်။

‘’ အမေရိက မထွက်ခင်တုန်းက ဖြစ်သွားတာပါ။ အမေရိက မထွက်ခင်တုန်းက နည်းနည်းတော့ စကားပြောဖြစ်တယ်။ အဲဒီတုန်းကတည်းက စပြီးတော့ လက်ခံရတာပေါ့နော်။ အမေရိက ကို တစ်ယောက်တည်း သွားမယ်ဆိုတော့လည်း အဲဒီမှာ တစ်ယောက်တည်းပဲ ရုန်းကန်ရတာပေါ့နော်။ အဲဒီမှာ ကျွန်တော် နည်းနည်းလေးတော့ စိတ်ပြောင်းသွားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Min Thant Mg Mg

လက်ရှိမှာတော့ မင်းသန့်မောင်မောင်ဟာ မိဘ နှစ်ပါးအတွက် သားလိမ္မာလေးဖြစ်အောင် ကြိုးစားနေထိုင်သူပါ။

‘’ ကျန်းမာနေဖို့ကတော့ အကောင်းဆုံးပဲ။ ပျော်ရွှင်မှု နေ့တိုင်းရပါစေလို့ နေ့တိုင်း ဆုတောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် သားလိမ္မာလို့လည်း မပြောချင်ပါဘူူး။ သူတို့ဖြစ်စေချင်တဲ့ သားတော့ ဖြစ်မှာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်’’ လို့လည်း သူက ပြောပါတယ်။

Photo: Min Thant Mg Mg

မင်းသန့်မောင်မောင်ကိုတော့ မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ကတည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဖခင်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က