အရင်တုန်းက စုဆောင်းခဲ့တာလေးတွေရှိတော့..

လူရွှင်တော် ငြိမ်းချမ်းရဲ့ မိသားစု ဘဝရပ်တည်မှုတွေကို ပရိသတ်တွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ သူကတော့ လက်ရှိမှာ မိသားစုနဲ့ အတူတူ သာကေတမှာ နေထိုင်ပါတယ်တဲ့။ 

Photo: Nyein Chan

ပရိသတ်များစွာတို့ရဲ့ ဘဝအမောတွေကို ဟာသပျက်လုံးတွေနဲ့ ဖျော်ဖြေပေးလေ့ရှိတဲ့ လူရွှင်တော် ငြိမ်းချမ်းကတော့ လက်ရှိသူ့မိသားစုရဲ့ ဘဝရပ်တည်မှုအခြေအနေကို ပြောပြလာပါတယ်။ သူဟာ ရရှိလာတဲ့ အနုပညာကြေးလေးတွေကို အမြဲတမ်း စုဆောင်းလေ့ရှိတဲ့သူဖြစ်တယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။

‘’ဦးငြိမ်းချမ်းကတော့ လက်ရှိအနေအထားမှာ မဆိုးဘူးလို့ပြောရမှာပေါ့နော်။ ရတဲ့အနုပညာကြေးလေးတွေကိုလည်း စနစ်တကျနဲ့စုဆောင်းထားပါတယ်။ ဟိုးအရင်တုန်းက ဦးငြိမ်းချမ်း အောင်မြင်ခဲ့စဉ်တုန်းကတည်းက ဒီအတိုင်းပဲနေလာတာ။ အဲဒီအတွက် ဦးငြိမ်းချမ်းမှာ သိပ်ပြီး ယိမ်းယိုင်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ လက်ရှိအနေအထားကတော့ သပ်သပ်ရပ်ရပ်လေး ရပ်တည်လို့ရပါသေးတယ်။ ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်သေးဘူး’’ လို့ သဘောကျရယ်မောရင်း ပြောလာပါတယ်။

Photo: Shine

ငြိမ်းချမ်းမှာတော့ အနုပညာမျိုးစက်သစ်တစ်ယောက်ဖြစ်တဲ့ နေခြည်ငြိမ်းချမ်းဆိုတဲ့ သမီးလည်း ရှိပါသေးတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပဲလို့ ငြိမ်းချမ်းကပြောပါတယ်။

’ ဦးငြိမ်းချမ်းကတော့ သာကေတမှာ နေပါတယ်။ သမီးအကြီးဆုံးကတော့ သာမန်လူပါပဲ။ အငယ်မလေးကတော့ နေခြည်ငြိမ်းချမ်းပေါ့။ အငြိမ့်တွေကတယ်၊ ဗီဒီယိုတွေရိုက်တယ်။ အကြီးမကတော့ အနုပညာအလုပ် မလုပ်ဘူး၊ အငယ်မလေးကတော့ မိုးတွင်းဆိုတော့ သူလည်း အလုပ်တွေ ခဏ နားထားတယ်။ နွေရောက်ရင်တော့ သီချင်းလေးဆို၊ အငြိမ့်လေးက၊ ဗီဒီယိုလေးတွေ ပြန်ရိုက်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Nyein Chan

ူရွှင်တော်ငြိမ်းချမ်းကိုတော့ အငြိမ့်ပွဲတွေ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာ သိပ်တွေ့ရလေ့မရှိတော့ပါဘူး။ ဒါပေမယ့် သူဟာ ကျန်းမာရေးကောင်းမွန်တဲ့လူတစ်ယောက်ပါလို့ ဆိုပါတယ်။

‘’ ကျန်းမာရေးအခြေအနေကတော့ လောလောဆယ် ကောင်းတယ်လို့ ပြောရမှာပေါ့။ ဦးငြိမ်းချမ်းက ဆေးလိပ်တစ်မျိုးပဲ သောက်တယ်။ အရက်မသောက်ဘူး၊ ဖဲရိုက်တာတွေ၊ နှစ်လုံးတွေ၊ ချဲတွေ၊ လောင်းကစားတွေတော့ ဦးငြိမ်းချမ်း ဘာမှ မလုပ်ဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့ညက သက်ကြီး လူရွှင်တော်များအတွက် ရန်ပုံငွေ အငြိမ့်ဖျော်ဖြေပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nyein Chan

ာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က