BOO DOO Cook House ဆိုတဲ့ ရှုတင်ထမင်းရောင်းနေတာကို တွေ့ရပါတယ်။

အိစိကွေးကတော့ အဘိုး၊ အဘွားတွေ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ရှုတင်ထမင်း၊ ဟင်းရောင်းတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ 

Photo: RBV



သရုပ်ဆောင် အိစိကွေးကတော့ BOO DOO CookHouse ဆိုတဲ့ ရှုတင်ထမင်း၊ ဟင်းလေးကို အွန်လိုင်းကနေ ရောင်းနေတယ်လို့ ဆိုပါတယ်။ ရှုတင် ထမင်း၊ ဟင်း ဆိုတဲ့ အတွက် ပရိသတ်တွေကလည်း စိတ်ဝင်စားကြတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အဓိက ကတော့ ရှုတင် ထမင်းဆိုရင် ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပါတယ်။ အိမ်မှာချက်တဲ့ ထမင်းနဲ့ တူလား၊ မတူလားလည်း သိချင်ကြတယ်လေ။ ရှုတင်ထမင်းကို ဒီဘက်မှာ ဘယ်လို လုပ်ကြမလဲ စဉ်းစားလိုက်တဲ့ အချိန်မှာ အခြေခံ လူတန်းစားတွေက အစ ဝယ်စားလို့ရမယ့် ပုံစံလေး လုပ်ထားတယ်။ Covid ကာလမှာ ရုံးတက်နေရတဲ့ ဝန်ထမ်းတွေလည်း ဝယ်လို့ရအောင်ပေါ့။ ဒါကိုလည်း ကျွန်တော်ကိုယ်တိုင် လုပ်တာပါ။ အဘွားလက်ထက်ကတည်းက လုပ်လာတဲ့ လုပ်ငန်းတစ်ခုကို ကျွန်တော်က မရပ်သွားစေချင်တဲ့ ဆန္ဒကြောင့် အခုလို လုပ်ဖြစ်သွားတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Eisi Kway

အိစိကွေး ကိုယ်တိုင်ကလည်း ရှုတင် ထမင်း၊ ဟင်း ရောင်းတဲ့ လုပ်ငန်းကို စိတ်ဝင်တစားရှိလှတယလို့ ဆိုပါတယ်။ အခုဆိုရင်တော့ သူကိုယ်တိုင် ချက်ထားတဲ့ ရှုတင် ထမင်းနဲ့ ဟင်းကို Covid ကာလဖြစ်တာကြောင့် ဖော့ဘူးလေးတွေနဲ့ ထည့်ပြီး တစ်ဗူးကို (၁၅၀၀) ကျပ်နဲ့ ရောင်းတယ်လို့ သူက ဆိုပါတယ်။ 

“ ကျွန်တော် အရင်ကတည်းက အမေ့ကို ဒီလုပ်ငန်းကို လိုချင်တဲ့အကြောင်း ပြောတယ်။ လိုချင်တယ် ဆိုတာထက် ကျွန်တော်တို့ လက်ထပ်မှာ ဒီလုပ်ငန်းကို ဆက်သွားချင်တာပါ။ အရည်အသွေးကတော့ လုံးဝ စိုးရိမ်စရာမရှိပါဘူး။ ထမင်းတစ်ပွဲကို ၁၅၀၀ ဆိုပေမယ့် လုံးဝ မနည်းပါဘူး။ ဒီလုပ်ငန်းကိုလည်း အောင်မြင်အောင် လုပ်ချင်တယ်။ မိသားစု လုပ်ငန်းလေး ဖြစ်တဲ့အတွက် တိုးတက်အောင် ကြိုးစားချင်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: RBV

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က