သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

ဖြိုးကျော်ထိုက် ကတော့ The Voice Myanmar (Season-3) မှာ သီချင်းဆိုပြိုင်ပွဲ ဝင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Phyo Kyaw Htike



ဖြိုးကျော်ထိုက်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်သိပြီးသား အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ The Voice Myanmar (Season-3) မှာ ပြိုင်ပွဲဝင် တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ အကြောင်းကို Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ အမှန်အတိုင်းပြောရရင် ကျွန်တော့်ပေတံ ကျွန်တော် ဘယ်ရိုက်ချိုးချင်မှာလဲ။ ဘာကြောင့် ယှဉ်ပြိုင်သလဲဆိုတော့ ကျွန်တော့် မိသားစုကြောင့်ပါ။ ကျွန်တော့် သားတွေ၊ သမီးတွေ သူတို့ အသက်အရွယ်တစ်ခုရလာပြီ။ ဂီတအလုပ်တွေ စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်တုန်းကဆိုရင် ထိုက်သင့်သလောက်ငွေကြေးရသလားဆိုတော့အများကြီး မရဘူး။ အနုပညာလောကမှာ ရရ စားစား သဘောမျိုးပေါ့ ပိုက်ဆံ မစုမိခဲ့ဘူး။ အခွေကလည်း မရောင်းရဘူး။ လူသိလားဆိုတော့ သီချင်းကတော့ လူသိတယ်။ နောက်ဆုံးကျတော့ သိက္ခာဆိုတာကို မငဲ့ကွက်တော့ပဲနဲ့ ကျွန်တော့် မိသားစု အတွက် ကျွန်တော် ရွေးချယ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ The Voice Myanmar (Season-3) ရဲ့ Blind Auditions ပြိုင်ပွဲမှာ "အသုံးမကျတဲ့ နှင်းဆီ" ဆိုတဲ့ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သီဆိုမှုမှာတော့ အကဲဖြတ်ဒိုင်နှစ်ဦးဖြစ်တဲ့ အဆိုတော် R ဇာနည်နဲ့ နီနီခင်ဇော်တို့က လှည့်ကြည့်ခဲ့ကြတဲ့ အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ မနီနဲ့ ကိုRဇာနည်သာ မလှည့်ကြည့်ခဲ့ဘူးဆိုရင် ကျွန်တော် တော်တော်အရှက်ကွဲမှာ။ ကျွန်တော့်ရဲ့ ပရိသတ်တွေကလည်း အားမလို အားမရဖြစ်ကြတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ သီချင်းတွေကို လူပိုသိစေချင်တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က မိသားစုအတွက် လုပ်တာပါ။ အမှန်အတိုင်းပြောရရင် ရန်ကုန်မှာ Show ပွဲ တစ်ခါမှ မဆိုဖူးပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက မိုးရာသီ မြန်မာအမျိုးသမီးများနေ့ ဆိုတဲ့ ပွဲမှာ ဆိုတုန်းက တစ်ခါပဲ ရုပ်သံမှာ ပါဖူးပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့" သစ္စာမရှိတဲ့ သစ္စာ" ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က