ပရိသတ်တွေကို တောင်းပန်စကားဆိုလာပါတယ်။

မေလသံစဉ်ဟာ ရွှေကြိုရွေးချယ်ပွဲကြီးကနေ နှုတ်ထွက်သွားပြီဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: May La Than Zin



၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ် အယောက် ၅၀ ထဲမှာမှ အဆိုတော် မေလသံစဉ်က တရားဝင်နှုတ်ထွက်သွားပြီလို့ သိရပါတယ်။ အဖိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ထွက်သွားခဲ့တာ ဖြစ်တယ်လို့လည်း ရွှေကြိုမောင်မယ် ရွေးချယ်ပွဲကြီးရဲ့ တရားဝင် Facebook Page မှာ ကြေညာထားတာ တွေ့ရပါတယ်။ 

"ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား။ မြန်မာ့ရုပ်ရှင်နှစ် တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ‌ ရွှေကြို‌မောင်မယ်များရွေးချယ်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နေသော“ရွှေကြိုနံပါတ် SK 06 ရွှေကြိုမယ် မေလသံစဉ်” သည် သူမ၏အဖိုးဖြစ်သူ ကျန်းမာရေးကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခွင့်ပြုပါရန် ရွှေကြိုမောင်မယ်ရွေးချယ်ရေးအဖွဲ့သို့ တင်ပြလာပါသဖြင့်ပြိုင်ပွဲမှ နှုတ်ထွက် ခွင့်ပြုလိုက် ကြောင်း မိဘပြည်သူများအား လေးစားစွာ တင်ပြအပ်ပါသည်။ အကယ်ဒမီရွှေကြိုမောင်မယ်များ ရွေးချယ်ရေးအဖွဲ့" ဆိုပြီးတော့ မတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကြီးရဲ့ တရားဝင် Facebook Page မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

Photo: May La Than Zin

လက်ရှိမှာတော့ ရွှေကြိုမောင်မယ်ပြိုင်ပွဲကြီးမှာ Round 1, Round 2 ရွေးချယ်ပြီးတဲ့နောက်မှာတော့ ကျန်ရှိနေတဲ့ ဆန်ခါတင် အယောက် (၃၀) ဦးထဲမှာမှ ရွှေကြိုမောင်မယ် အယောက်(၂၀) ကို မတ်လ ၂၀ ရက်နေ့မှာ ရွေးချယ်သွားမယ်လို့ သိရပါတယ်။  ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် ရွှေကြိုများအတွက် ဆုနှင့် အခွင့်အလမ်းများကိုလည်း ပေးအပ်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ People Choice Award ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ 

Photo: May La Than Zin

ရွှေကြိုမောင်မယ် အယောက် ၅၀ မှာပါဝင်လျှက်ရှိတဲ့ ပရိသတ်အချစ်တော်မလေး မေလသံစဉ် ကိုယ်တိုင်ကလည်း သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုလာပါတယ်။ 

" Grand Final တက်ခွင့်ရအောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်။ နောက်ထပ် ဆက်မပြိုင်ဖြစ်တော့တာ ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါရစေနော်" ဆိုပြီးတော့လည်း မတ်လ ၁၇ ရက်နေ့ည ၈ နာရီကျော်က သူမရဲ့Facebook Page မှာ ရေးသားခဲ့ပြန်ပါသေးတယ်။ 

Photo: May La Than Zin

ယခုနှစ်မှာ ရွှေကြိုရွေးချယ်ခံရတဲ့ မောင်မယ်များအနေနဲ့ဆုငွေများ ရရှိမှာ ဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင်သင်တန်း၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်တဲ့သူကို ၂၀၁၂ ခုနှစ်အထိ အကယ်ဒမီဗန်းကိုင် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။၂၀၁၄-၂၀၁၅ခုနှစ်ကစပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေလည်း ပါဝင်လာတာဖြစ်တဲ့အတွက် အကယ်ဒမီ ရွှေကြိုမောင်၊မယ်များ ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က