လူရွှင်တော်ကြီး မေတ္တာရဲ့ သားဖြစ်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းကတော့ Covid ကာလမှာ volunteer တစ်ယောက်အနေနဲ့ ပရဟိတတွေ ဆက်တိုက်လုပ်နေရပေမယ့် အိမ်ကို အရမ်းလွမ်းတယ်လို့ဆိုလာပါတယ်။ 

Photo: Myint Tar Myint Myat Hein



မေတ္တာမြင့်မြတ်ဟိန်းကိုတော့ လူရွှင်တော်ကြီးမေတ္တာရဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။ သူဟာ Covid ကာလမှာ လူရွှင်တော်အောင်သော်တည်ထောင်ထားတဲ့ GMW ပရဟိတအဖွဲ့နဲ့ ပူးပေါင်းပြီး volunteer လုပ်နေတာကို တွေ့ရပါတယ်။ Covid ကာလ ကြာလာလေ သူ့ရဲ့ မိသားစုကို အရမ်းလွမ်းနေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ မိသားစုနဲ့ အနွေးထွေးဆုံး မရှိတဲ့ အချိန်က များတဲ့အတွက် အိမ်ကို လွမ်းတယ်။ ကိုယ်က အိမ်ပြန်ပေမယ့်လည်း ကိုယ့်မိသားစုက လက်ခံတယ်။ ဒါပေမယ့် ဘေးအိမ်တွေက လက်မခံတော့ မတတ်နိုင်ဘူးလေ။ ဒါ သူတို့ အပြစ်မဟုတ်ပါဘူး။ Covid ဆိုတာ မြင်ရတဲ့ အရာကြီးမှ မဟုတ်တာ တကယ်လို့ ကိုယ့်ဆီပါလာရင် သူတို့ဆီကူးမှာဆိုတဲ့ သံသယက ဖြစ်နေမှာလေ။ အဲဒီအတွက် ကျွန်တော် လုပ်ခဲ့ပြီးသား အလုပ်တစ်ခုကို လက်မလျှော့ပဲနဲ့ ဆုံးခန်းတိုင်အောင် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Myint Tar Myint Myat Hein

မေတ္တာမြင့်မြတ်ဟိန်း အနေနဲ့ အလုပ်တွေ အားတဲ့ အချိန်မှာ volunteer တစ်ယောက်ရဲ့ ခံစားချက်လေးတွေကို သီချင်းအဖြစ် ပုံဖော်ထားတယ်လို့ သိရပါတယ်။ 

“ ကျွန်တော် အခုချိန်မှာ volunteer လုပ်တဲ့အချိန် အားရင် အားသလို သီချင်းလေးတွေ ရေးဖြစ်တယ်။ တော်တော်များများကတော့ volunteer ကို အားပေးတဲ့ သီချင်းတွေရေးတယ်။ ကျွန်တော်က ကျတော့ volunteer တစ်ယောက်အနေနဲ့ volunteer တစ်ယောက်ရဲ့ ခံစားမှုကို ရေးတယ်။ ဒါပေမယ့် volunteer လုပ်နေရတဲ့ အချိန်မအားတဲ့အတွက် အသံလည်း မသွင်းဖြစ်သလို Music Video လည်း မရိုက်ဖြစ်ဘူး။ သီချင်းထွက်လာရင် ပရိသတ်တွေ နားထောင်ရင်း သိလာကြမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myint Tar Myint Myat Hein ( Myinttar's Family Photo)

မေတ္တာမြင့်မြတ်ဟိန်း ကတော့ ဗီဒီယို ဇာတ်ကားတွေ အများကြီး ရိုက်ကူးထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ လူရွှင်တော် မေတ္တာနဲ့ အတူ အနုပညာအလုပ်တွေ အတူတွဲလုပ်ကိုင်နေသူ တစ်ယောက်ပါ။ သူ့ အနေနဲ့ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင် အဖြစ်သာမက ဂီတအလုပ်ကိုပါ ဝါသနာပါတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က