ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲနဲ့ Best TV Series Actress Award ဆုရရှိခဲ့သူပါ။

မေမီကိုကိုက Best TV Series Actress Award ဆုအတွက် မိသားစုနဲ့အတူ အလှူလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီဆုဟာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ သူမရဲ့ ရင်ခုန်သံ ထပ်တူကျခဲ့တဲ့ ဆုဖြစ်တယ်လို့ သိရပါတယ်။

Star Awards ဆုပေးပွဲမှာ ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲက မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ Best TV Series Actress Award ဆုကို ရရှိခဲ့တဲ့ မေမီကိုကိုရဲ့ ရင်ခုန်သံစကားကို မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။

‘’ ခွန်အားပေါ့ မေမီ ရှေ့ဆက်မယ်ဆိုတာထက်၊ မေမီ့အတွက် ဒါဟာ ဘဝမှာ မေ့လို့မရတဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ အနုပညာသက်တမ်း ၁၁ နှစ်တာ ကာလမှာ ဒီဆုလေး ပထမဆုံးရဖူးတယ်ပေါ့နော်။ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ပထမဆုံးရဖူးတဲ့ မှတ်တိုင်လေးပေါ့နော်။ အဲဒီအတွက် အရမ်းပျော်တယ်။ ဆက်ကြိုးစားဦးမယ်။ ကြိုးစားတဲ့သူတိုင်းအတွက် ဆုလာဘ်ဆိုတာ မဝေးပါဘူးလို့ မေမီပြောချင်ပါတယ်’’လို့ ဧပြီလ ၅ ရက်နေ့က Star wards ဆုချီးမြှင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒီဆုဟာ သူမရဲ့ ပရိသတ်တွေနဲ့ သူမကိုယ်တိုင်အတွက် အမှတ်တရ ဖြစ်ရတဲ့ဆုလေးပါလို့ မေမီကိုကိုက ဝမ်းသာအားရစွာနဲ့ ဖြေဆိုခဲ့ပါတယ်။

‘’ ဝမ်းသာတာကတော့ အတိုင်းမသိကို ပြောမနေပါနဲ့တော့။ မေမီ့ကို ချစ်တဲ့ပရိသတ်တွေ၊ မေမီ့ကို အရမ်းရစေချင်နေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒပြည့်ဝပြီလို့ထင်ပါတယ်။ ပရိသတ်တွေကိုယ်စားရော၊ မေမီကိုယ်တိုင်ကရော အရမ်းကိုပျော်ပါတယ်။ လောလောဆယ်တော့ ဘာမှ မစဉ်းစားဖြစ်သေးဘူး။ မိဘတွေနဲ့ တိုင်ပင်ပြီးတော့ အလှူလေးတော့ လုပ်ဖြစ်မယ်’’ လို့ ဆိုပါတယ်။

မေမီကိုကို ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း မေမီကိုကို က ‘’လိပ်ပြာနှောင်ကြိုး’’ ဇာတ်လမ်းတွဲရိုက်နေတယ်လို့ သိရပါတယ်။

‘’ လက်ရှိမှာတော့ Forever Group က ရိုက်ကူးတဲ့ ‘’လိပ်ပြာနှောင်ကြိုး’’ဆိုတဲ့ ဇာတ်လမ်းတွဲကိုရိုက်ကူးနေတယ်။ အဲဒီဇာတ်ကားမှာ သရဲမလေးဂျူးရီ အဖြစ် မေမီပါဝင်သရုပ်ဆောင်ထားပါတယ်။ မေမီ ရှေ့ဆက်အများကြီး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: MAy Mi KO Ko

Star Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပွဲမှာတော့ မေမီကိုကိုက Best TV Series Actress Award ဆုရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ Star Awards ဆုပေးပွဲဟာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။



က္က