မန္တလေးပြန်ချင်တယ်လို့ ဆိုလာပါတယ်။

စိုင်းဝဏ္ဏအောင်ကတော့ မိသားစုတွေရဲ့ အနားမှာ ပြန်နေချင်တဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Sai Wunna Aung



စိုင်းဝဏ္ဏအောင်ကတော့ ရန်ကုန်မှာနေရင်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူတစ်ယောက်ပါ။ သူ့ အနေနဲ့ မိသားစုတွေ နေထိုင်ရာ မန္တလေးကို ပြန်ချင်တဲ့ ဆန္ဒရှိတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

 “ ကျွန်တော် မန္တလေးကို ပြန်ချင်တယ်။ ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေရှိသေးတယ်။ နောက်ပိုင်း တောက်လျှောက်တော့ ရန်ကုန်မှာပဲ နေဖြစ်ဖို့ များပါတယ်။ အခုကတော့ ရန်ကုန်မှာ လက်ခံထားတဲ့ အလုပ်လေးတွေ မပြတ်သေးလို့ပါ။ ကျွန်တော် စိတ်လေး နည်းနည်း တည်ငြိမ်သွားအောင် ပြန်တာပါ။ ကိုယ့်မိသားစုနဲ့ အတူတူရှိနေရင် ပိုပြီးတော့ အားရှိတယ်လို့ ခံစားရလို့ပါ”လို့ သူက ဆိုပါတယ်။ 

Photo: Sai Wunna Aung

Covid ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အခက်အခဲတွေရှိတယ်လို့ စိုင်းဏ္ဏအောင်က ပြောပါတယ်။ 

“ ကျွန်တော်တို့ နိုင်ငံမှာ လက်လုပ်လက်စားတွေ၊ နေ့စားသမားတွေရှိတယ်။ သူတို့ကျတော့ အသက်အန္တရာယ်ထက် ဝမ်းရေးကို ဦးစားပေးနေရတယ် ဒါကြောင့် ဒီကာလကို အမြန် ပြီးစေချင်ပြီ။ ကျွန်တော်တို့ နိုင်ငံက လူတွေ အဆင်မပြေဘူးဆိုတာ Taxi ပေါ်မှာဆိုလည်း Taxi ကားသမားတွေကို ကျွန်တော် မေးဖြစ်တယ်။ အဆင်မပြေဘူး။ ဘယ်သူ့ ကို မေးမေး အဆင်မပြေကြတာ များတော့ ရင်ထဲ မကောင်းဘူး။ ဒီကာလကြီးကိုလည်း မြန်မြန်ပြီးစေချင်ပြီ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Sai Wunna Aung

စိုင်းဝဏ္ဏအောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်ကနေ ဝင်ရောက်လာခဲ့တာဖြ စ်ပါတယ်။ အဲဒီနောက် Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုနဲ့ တူတယ်လို့ ပြောလာကြတဲ့အချိန်မှာတော့ ပရိသတ်တွေ ပိုသိခဲ့ကြတာပါ။ အခုဆိုရင်တော့ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က