အဖေ နဲ့ အတူတူ မိုးကုတ်မှာနေတယ်။

ထက်ထက်မိုးဦးကတော့ အခုဆိုရင် မိဘ၊ မောင်နှမတွေနဲ့ အတူတူ မိုးကုတ်မှာ နေထိုင်ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Htet Naing Aung ( Htet Htet's Brother)



ထက်ထက်မိုးဦးကတော့ လက်ရှိမှာ မိသားစုတွေရှိတဲ့ မိုးကုတ်မှာ နေထိုင်တာဖြစ်ပါတယ်။ အနုပညာ အလုပ်တွေ လုပ်နေရတဲ့အချိန်တုန်းက မိသားစုနဲ့ ခွဲနေခဲ့ရတဲ့ သူမအတွက် အခုလို အချိန်က အပျော်ဆုံးပဲ ဆိုပြီးတော့လည်းDuwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  

“ အခု မိုးကုတ်မှာနေတာပါ။ အဖေ လည်းရှိတယ်လေ ပြီးတော့ ညီအစ်ကို မောင်နှမတွေရော၊ ဆွေမျိုးတွေရော ရှိတယ်။ အိမ်မှာ ကိုယ်က အငယ်ဆုံးဆိုတော့ ကလေးလိုပဲလေ။ အိမ်ပြန်နေတဲ့အချိန်မှာ ကိုယ့်မောင် နှမတွေနဲ့ တွေ့ရတယ်၊ ကိုယ့်အမျိုးတွေနဲ့တွေ့တဲ့အချိန်မှာ သူတို့တွေက ကိုယ့်ကို ကလေးတစ်ယောက်လိုပဲ စကြ၊ နောက်ကြပေါ့။ အရင်တုန်းကလိုပဲ ချစ်ပေးကြတယ်” လို့ ဆိုပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ ကျန်းမာရေးမကောင်းတဲ့ကြားက အနုပညာအလုပ်တွေကို တဖြည်းဖြည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူမရဲ့ ကျန်းမာရေးကိုလည်း ပြည်ပမှာ ခွဲစိတ်မှုတွေ ပြုလုပ်တာထက် ပြည်တွင်းမှာပဲ ဆေးကုသမှုခံယူနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ခွဲစိတ်မှုတွေ ခဏခဏ လုပ်ခဲ့ရတာတွေကြောင့်လည်း ထပ်ပြီးတော့ ခွဲစိတ်မှုတွေ မလုပ်ချင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။ 

Photo: Htet Naing Aung ( Htet Htet's Brother)

လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေနဲ့ လုပ်ခွင့်ရမယ့် အနုပညာအလုပ်တွေလုပ်နေတယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။ ကာရိုက်တာကိုလည်း သေသေချာချာ ရွေးပြီးမှ ရိုက်ဖြစ်တယ်လို့ “မ အက္ခရာ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ကိုယ့်ကျန်းမာရေးနဲ့ အဆင်ပြေလောက်မယ့် ကာရိုက်တာမျိုးကိုပဲ လက်ရှိမှာ လက်ခံဖြစ်တယ်။ ဇာတ်ကား တော်တော်များများရိုက်ဖို့လည်း လာကမ်းလှမ်းတာတွေရှိတယ်။ ကိုယ်မလုပ်နိုင်တဲ့ဇာတ်ရုပ်၊ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဇာတ်ရုပ်မျိုးဆိုရင်တော့ လက်မခံတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခါတော့ မအားသေးလို့ပါ၊ ဒီဇာတ်ရုပ်က အဆင်မပြေသေးလို့ပါ၊ နောက်တစ်ခေါက်ဆုံမယ်နော်လို့ ပြောပြီးတော့ အဆင်ပြေအောင် ညှိနှိုင်းရတာပေါ့” လို့ ဆိုပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က