ကျန်းမာရေး အခြေအနေ စိုးရိမ်နေခဲ့ရတာပါ။

ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းကတော့ ကျန်းမာရေး အနည်းငယ်ပြန်ကောင်းလာပြီလို့ ဟေမာမန်းဝင်းက ပြောပါတယ်။ 

Photo: Hay Mar Man Win



ဇွန်လ(၁၅) ရက်နေ့က ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဒီနေ့(ဇွန်လ ၁၆) ရက်မှာ မျက်လုံးလေး ပြန်ပွင့်ပြီး ပုံမှန်အတိုင်းအသိလေးရှိနေသေးတယ်လို့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက Duwunကို ပြောပါတယ်။  

“ အခုအဖေက မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကားတော့ မပြောနိုင်သေးဘူး။ သတိကတော့ ရှိတယ်။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့ သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်းသာနေပါတယ်” ဆိုပြီးတော့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ဆိုပါတယ်။ 

Photo: Hay Mar Man Win

ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun ကို ပြောပြခဲ့ပါတယ်။ ဦးနှောက်သေသွားခဲ့ တာကြောင့် နှလုံးခုန်သံလေးကိုသာ စောင့်ကြည့်နေခဲ့ရတာဖြစ်ပြီး နှလုံးခုန်သံ ရပ်သွားပါက အသက်ပါ ဆုံးရှုံးသွားမှာဖြစ်တယ်လို့လည်း ဟေမာ မန်းဝင်းက ပြောပြခဲ့ပါတယ်။ 

Photo: Hay Mar Man Win

ဖေဖော်ဝါရီလအတွင်းက နှလုံးရောဂါကြောင့် ဦးမန်းဝင်းဟာ ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ဇနီးဖြစ်သူက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းကတော့ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျ စားရိတ်ရှိတယ်လို့ သိရပါတယ်။ 

Photo: Hay Mar Man Win

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က