သူမက အခုဆို အသက် ၃၈ နှစ်ရှိပါပြီ။

ခိုင်နှင်းဝေဟာ အသက် ၃၈ နှစ်ပြည့်သည်အထိ ကျန်းကျန်းမာမာ နေထိုင်ခွင့်ရတဲ့အတွက် မိခင်ဖြစ်သူကို ကျေးဇူးတင်ကြောင်း ပြောလာပါတယ်။ သူမကိုယ်တိုင်ကလည်း ပရဟိတအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာတော့ အသက် ၃၈ နှစ်ပြည့်ပြီးခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့ ရောက်တိုင်း ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်မိတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



‘’တစ်နှစ်ရောက်တိုင်း၊ တစ်နှစ်ရောက်တိုင်း ငါအခုချိန်ထိ အသက်ရှင်နေပါသေးလား ဆိုပြီးတော့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကုသိုလ်ကံ၊ ကိုယ့်ကို မွေးထုတ်ပေးလိုက်တဲ့ အမေကိုလည်း ကျေးဇူးတင်တယ်’’ လို့ ဆိုပါတယ်။

သူမဟာ ဒီအရွယ်ရောက်တဲ့အထိ ကျန်းကျန်းမာမာနဲ့ ပရဟိတအလုပ်တွေ လုပ်ခွင့်ရတဲ့အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း မိခင်ကို ပိုပြီး ကျေးဇူးတင်မိတယ်လို့ မတ်လ ၁၄ ရက်နေ့က သူမရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

‘’ ကိုယ့်ရဲ့ အမေကတော့ ကိုယ့်ကို ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ လူ့လောကထဲရောက်လာတယ်။ မင်းသမီးတစ်ယောက်ဖြစ်လာတယ်၊ ပရဟိတအလုပ်တွေ လုပ်နိုင်တယ်၊ အများပြည်သူအကျိုးကို သယ်ပိုးနိုင်တယ်။ အစ်မ ဒီနေ့ ဒီအချိန်ထိ ကျန်းကျန်းမာမာနဲ့ရပ်တည်နိုင်တယ်ပေါ့နော်။ ဒီလိုပုံစံကို မွေးဖွားပေးခဲ့တဲ့ အမေကို ကျေးဇူးအများကြီး တင်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ခိုင်နှင်းဝေက မွေးနေ့အလှူအမှတ်တရ အနေနဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေ၊ ကိုယ့်အားကိုယ်ကိုးနေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် အပ်ချုပ်စက် ၂၁ လုံးကို မဲဖောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ခြေထောက်အတု လုပ်ချင်တဲ့ မသန်စွမ်းသူတွေအတွက်ကိုလည်း ခြေတုလေးတွေကို ကုသိုလ်ပြုလှူဒါန်းခဲ့တယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ် ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က