အရမ်းကံကောင်းတာ။

အနုပညာစန်းရှိနေတဲ့ သမီးလေးနဲ့ ပတ်သက်ပြီး ဖခင်ကတော့ ဝမ်းသာလို့နေပါတယ်။မထင်မှတ်ဘဲ အနုပညာစန်းတွေရှိနေတဲ့ သမီးလေးနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခင်လှိုင်ကတော့ သူ့ရဲ့ ခံစားချက်ကို ယခုလို ပြောပြထားပါတယ်။

Photo : သဇင်ထူးမြင့်



ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ ရွှေကြိုကနေတစ်ဆင့် အနုပညာအလုပ်တွေ လုပ်ကိုင်နေပါပြီ။ ပရိသတ်တွေရဲ့ အချစ်တော် တစ်ယောက်ဖြစ်တဲ့ သမီးလေးအတွက် ဖခင်ဖြစ်သူ ခင်လှိုင်က ဝမ်းသာပီတိဖြစ်ရသလို သမီးဖြစ်သူရဲ့ အနုပညာစန်းနဲ့ ပတ်သက်လို့လည်း ယခုလို ပြောပြခဲ့ပါတယ်။

“သူ့အကိုဆို အမြဲပြောတယ်။ သဲသဲ အရမ်းကံကောင်းတာပဲ။ သားဆိုရင် လုပ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး။ နေရဲဆိုရင် တော်တော်ကြာပြီလေ။ အခုချိန်ထိ လမ်းကြောင်းတစ်ခုပေါ် မရောက်နိုင်သေးဘူး။ တအားကြိုးစားရတာ။ စန်းကွာတာပေ့ါ။ သမီးက ခဏလေး အချိန်တိုတွင်းဖြစ်လာတော့ သူ့အကိုက အမြဲတမ်း စတယ်။ နင်သိပ်ကံကောင်းတာပဲ ဆိုပြီးစတယ်” လို့ ခင်လှိုင်က ဇူလိုင်လ(၆) ရက်နေ့က ပြုလုပ်တဲ့ ချာလီဘ ရုပ်ရှင်အထူးပြပွဲမှာ ပြောပြခဲ့တာပါ။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကလည်း အခုဆိုရင် အနုပညာအလုပ်တွေ လုပ်နေရတာကို ပျော်နေပြီလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ ခင်လှိုင်အနေနဲ့ သမီးဖြစ်သူကို အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီး အကြံပေးတာမျိုး ရှိပေမယ့် သင်ပေးတာတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“အနုပညာနဲ့ပတ်သက်ပြီး အခုချိန်မှာကလည်း အရမ်းအဆင်ပြေနေသေးတယ်လေ အဓိက တကယ့် ဟဲဗီးသရုပ်ဆောင်ရတာတွေ မပါသေးဘူး။ တစ်ကယ့်တစ်ကယ် ကာရိုက်တာအကြီးကြီးတွေ လုပ်ရတော့မယ်ဆိုရင် တက်နိုင်သလောက် ပြောပြရမှာပေ့ါ။ တချို့အရာတွေက ကိုယ်သွားသင်လို့လည်း မရဘူးလေ။ ကိုယ်သင်ရင် ကိုယ့်အိုက်တင် ဖြစ်သွားမှာပေ့ါ။ သူ့စိတ်ပေါ်မူတည်ပြီး ဘယ်လောက် လုပ်သင့်တယ်ဆိုတာ အကြံပေးလို့ရမှာပေ့ါ” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က