loading...

loading...

loading...

တစ်သိန်းဆု ပေါက်လို့ ပျော်နေပါတယ်။
Sabal Thwin

တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ရွေးချယ်ပေးခဲ့တဲ့ ထီက တစ်သိန်းဆု ပေါက်ခဲ့တဲ့ မိုးမိုးက ဝမ်းသာလို့နေပါတယ်။ သမီးလေး ကတော့ မကြာခင်မှာ ၆ လပြည့်တော့မှာပါ။


38135306_2148888468690982_304256084544061440_n.jpg

Photo: Moe Sithu Kyaw Facebook


အဆိုတော်မိုးမိုးတစ်ယောက် တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ရွေးချယ်ပေးခဲ့တဲ့ ထီက တစ်သိန်းဆု ပေါက်ခဲ့တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်လို့နေပါတယ်။ သမီးလေးကို မိုးအိပ်မက်လွှာ လို့ နာမည်အရင်းပေးထားခဲ့ပြီး အိမ်ခေါ်နာမည်ကိုတော့ ချစ်စနိုးနဲ့ ဆိုဂျူး လို့ နာမည်ပေးထားခဲ့ကြောင်း သိရပါတယ်။

'' ရွှေတိဂုံ ဘုရားမှာ သမီးလေး မိုးအိပ်မက်လွှာ@ဆိုဂျူးရွေးခဲ့တဲ့ ထီ မှ တစ်သိန်းဆု ထပ်ပေါက်ပါကြောင်း'' ဆိုပြီးတော့ အဆိုတော်မိုးမိုးက သြဂုတ်လ ၁ ရက်နေ့ ည ၁၀နာရီခွဲ အကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သမီးလေးနဲ့ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါသေးတယ်။


37399532_2135115093401653_1444388993314586624_n.jpg

Photo: Moe Sithu Kyaw Facebook

ဇနီးသည်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ မိုးမိုး 

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင် ၆ လပြည့်တော့မှာဖြစ်ပါတယ်။


36316654_2114721635440999_1357194336797720576_n.jpg

Photo: Moe Sithu Kyaw Facebook


မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။

38012400_2147769372136225_2501471103029870592_n.jpg

Photo: Moe Sithu Kyaw Facebook


အဆိုတော်မိုးမိုးဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးကိုအတီးပိုင်းတွေပြန်လုပ်ရမှာဖြစ်တဲ့အတွက်သိပ်မကြာဘူးလို့ဆိုပါတယ်။သီချင်းပုံစံ တွေ ကလဲ ပျော်စရာတွေ၊ စိတ်ညစ်စရာအကြောင်းတွေပါဝင်တာကြောင့် ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ပရိသတ်တွေ အတွက်သာ ဖန်တီးထားတာ ဆိုပြီးတော့လည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က