ဒီအတိုင်းလေးက စိတ်ချမ်းသာတယ်။

မေကဗျာကတော့ လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝလေးကို အရမ်းစိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။ သမီးလေးကလည်း သူမကို အိမ်ထောင်မပြုစေချင်ဘူးတဲ့။

Photo: May Kabyar



မေကဗျာကတော့ လက်ရှိမှာ တစ်ဦးတည်းသော သမီးလေးကို Single Mother အဖြစ် ပြုစုစောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ သူ့ကိုလည်း သမီးလေးက အိမ်ထောင်မပြုစေချင်ဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ သူကတော့ အိမ်ထောင်မပြုစေချင်ဘူး။ သူ့နေရာလေးကနေကြည့်ရင်လည်း ကိုယ်က သူနဲ့ အမြဲတမ်း ဆော့နေတတ်တဲ့သူဆိုတော့ အိမ်ထောင်မပြုစေချင်ဘူးပေါ့နော်။ ဒါကတော့ ဘယ်သားသမီးမဆိုပါ ကိုယ့်မိဘကိုတော့ သူတို့တွေနဲ့ပဲ တစ်သက်လုံးနေစေချင်တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့က ‘’ ကမ္ဘာ နှစ်ထပ်’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Kabyar

မေကဗျာ ကိုယ်တိုင်ကလည်း လက်ရှိ ရပ်တည်နေတဲ့ ဘဝလေးက အရမ်းကို စိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ရွေးချယ်တဲ့ လမ်းကိုပဲ ဆက်လျှောက်နေပါတယ်တဲ့။

‘’ကိုယ်ကိုယ်တိုင် စိတ်ညစ်ရမယ့် အလုပ်ကို မလုပ်ဘူး။ အားလုံးကိုလည်း စိတ်ချမ်းသာစေချင်တယ်။ ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်နေတယ်။ စိတ်ချမ်းသာရတဲ့ လမ်းကြောင်းကိုပဲ သွားတယ်။ ကိုယ့်အရွယ်အရအားဖြင့် ကောင်းတာလေးတွေ ပိုလုပ်တယ်။ အခုချိန်မှာတော့ ကိုယ် စိတ်ချမ်းသာတဲ့ လမ်းကြောင်းကိုပဲရွေးပြီးလျှောက်တယ်’’ လို့ ဆိုပါတယ်။

Photo: May Kabyar

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က