သားအမိနှစ်ယောက် အနုပညာအလုပ်တွေ အတူတူလုပ်နေတာကို တွေ့ရပါတယ်။

မျိုးစန္ဒီကျော်က လက်ရှိမှာ သမီးလေးနဲ့အတူတူ ကြော်ငြာတွေရိုက်ကူးနေတာ တွေ့ရပါတယ်။ သူမက လက်ရှိမှာတော့ သမီးလေးကို အဖေလိုရော၊ အမေလိုပါ စောင့်ရှောက်နေသူ ဖြစ်ပါတယ်။

Photo: Myo Sandy Kyaw

သရုပ်ဆောင်မျိုးစန္ဒီကျော်က လက်ရှိမှာ တစ်ဦးတည်းသောသမီးလေး ဂျူဝယ်နဲ့အတူ အနုပညာအလုပ်တွေ လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် သမီးလေး ပင်ပန်းမှာကို စိုးရိမ်လို့ ဇာတ်ကားတွေတော့ မရိုက်ခိုင်းသေးဘူးလို့ မီဒီယာတွေကနေတဆင့် ပြောလာပါတယ်။

‘’သမီးနဲ့ အနုပညာအလုပ်တွေလုပ်ဖြစ်တာက အမှတ်တရပေါ့နော်။ သူ ငယ်တဲ့အချိန်မှာ အမှတ်တရပုံလေးတွေအနေနဲ့ ရိုက်ဖြစ်တာပါ။ အခုရုပ်ရှင်ကားကြီးကလည်းသမီးကို အရင်ငှားတာ အမက အဲဒီကားမှာ နည်းနည်းလေးပင်ပန်းတယ်။ ပင်ပန်းတယ်ဆိုတာ အခန်းတစ်ခန်းထဲမှာဘဲ။ တစ်နေ့တာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ထားတာဆိုတော့ နေ့ရောညရော အဲ့ဒီ့အခန်းထဲဘဲနေရတာ အာ့ကြောင့် ကလေး အရမ်းပင်ပန်းမှာစိုးလို့ သူ့ကိုမထည့်တော့ဘဲ။ အမနဲ့တခြားကလေးတစ်ယောက်နဲ့ ရိုက်လိုက်တာ သမီးလေးကို အနုပညာနဲ့ပတ်သက်ပြီးလာငှားတယ်။ အမကတော့ ကြော်ငြာတို့ ဓာတ်ပုံတို့ဘဲရိုက်ခိုင်းမယ်။ ရုပ်ရှင်မရိုက်ခိုင်းဘူး။ သမီးလေးပင်ပန်းမှာဆိုးလို့’’ ဆိုပြီးတော့ 2.9 ရတနာဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Myo Sandy Kyaw

မျိုးစန္ဒီကျော်ဟာ Single Mother တစ်ယောက်အနေနဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေသူဖြစ်ပါတယ်။ သူမအတွက်တော့ သမီးလေးက ကောင်းကျိုးပေးတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

‘’Lucky ဘေဘီလေးပါဘဲ။ သူ့ကိုငှားရင်း အမကိုငှားဖြစ်တာဆိုတော့ ပရိသတ်တွေကလည်း သူ့ကိုတော်တော်ချစ်ကြတယ်။ မှတ်မှတ်ရရဆိုလို့ အခုရုပ်ရှင်ကားဆိုလည်း သူ့ကိုငှားတာ ဇာတ်က သားအမိဇာတ်ပါနေတော့ သမီးလေးရဲ့အမေလုပ်မယ့်နေရာကလည်း မင်းသမီးတစ်လက်နေရာ အဲဒီနေရာမှာ သူဆုံးဖြတ်ချက်ချပြီး ပါဝင်ခဲ့တာ။ အဲဒီဇာတ်ကား မရိုက်ခင်ကြားကာလ (၆)လအတွင်းမှာလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ခဲ့ရတော့ သူ့အတွက် သမီးလေးက ကံကောင်းခြင်းတွေယူဆောင်လာတဲ့ကလေးပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: မေ့ရင်သွေး

သမီးလေး ဂျူဝယ်လ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို မျိုးစန္ဒီကျော်က မကြာခဏ ထုတ်ပြောလေ့ရှိသူပါ။ ကိစ္စအဝဝကိုလည်း အမေတစ်ယောက်အဖြစ် သမီးလေးအရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ အဆင်သင့့်ဖြစ်နေပြီလို့လည်း ပြောပြထားပါတယ်။

‘’မိန်းမတွေကလည်း ငါတို့လုပ်ပြနိုင်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ သွားကြတာဆိုတော့ ဘယ်လိုမှ မနေဘူး။ သမီးအတွက် အရာရာ အစ်မပဲ ရှိတာ။ အစ်မက သမီးရဲ့အရှေ့မှာအမြဲတမ်းရှိတယ်။ အစ်မအတွက် အရာရာသမီးလေးပါပဲ။ စိတ်တွေရှုပ်လာပြီ စိတ်ညစ်လာပြီဆိုရင် သမီးနဲ့ပဲ နေတယ်။သမီးနဲ့အတူတူဆော့တယ် သူ့ကိုကြည့်လိုက်တာနဲ့ ငါ စိတ်ညစ်နေလို့ မရဘူး သမီးရှိတယ် သမီးအတွက်လုပ်ရမယ် ဆိုတဲ့ စိတ်နဲ့ ပြန်ထတာပေါ့နော်’’ လို့ လည်း သူကဆိုပါတယ်။

Photo: Myo Sandy Kyaw

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ လက်ရှိမှာတော့ သမီးလေးနဲ့အတူ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။



က္က