ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မွေးဖွားခဲ့တာပါ။

သားစိုးတစ်ယောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ သမီးလေးတစ်ယောက် ထပ်မံပိုင်ဆိုင်ခွင့်ရလိုက်ပြီ ဖြစ်ပါတယ်။ သားဖြစ်သူကလည်း ညီမလေးကို ချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Soe Moe Aung

အဆိုတော်သားစိုးရဲ့ ဇနီးဖြစ်သူ မထက်ထက်ခိုင်ကေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီ ၅၄ မိနစ်က SSC Woman Center မှာ သမီးလေး မွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးဖြစ်တာကြောင့် ဖေဖေ သားစိုးရဲ့ ရင်ထဲက ခံစားချက်တွေကို Duwun Media ရဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုဖြေဆိုခဲ့ပါတယ်။

‘’သမီးက ၈ ပေါင် နဲ့ ၁၂အောင်စပါ။ ဒီနေ့ မနက် ၆ နာရီ ၅၄ မိနစ်မှာ မွေးဖွားခဲ့တာပါ။ သမီးလေး ရလာတော့ ပျော်ပါတယ်။ သမီးလေးကို ပိုင်ဆိုင်ခွင့်ရလာပေမယ့်လည်း သားကို မွေးတုန်းက ခံစားချက်နဲ့ အတူတူပါပဲ။ အဓိကက သမီးလေးဖြစ်တဲ့အတွက် ပိုပြီး ထိန်းကျောင်းရမှာပေါ့’’ လို့ သားစိုးက ပြောပါတယ်။

Photo: Soe Moe Aung

သားစိုးဟာ သမီးလေးကို ချစ်စနိုးနဲ့ ‘’ပန်းကလေး’’ လို့ ယာယီနာမည်ပေးထားကြောင်းပြောပါတယ်။ သားဖြစ်သူ ပန်းသီးလေးကလည်း ညီမလေးကို တစ်ညလုံးမအိပ်ပဲ စောင့်မျှော်နေခဲ့တာလို့ ဆိုပါတယ်။

‘’လောလောဆယ်ကတော့ သမီးလေးကို ပန်းကလေး လို့ နာမည်ပေးလိုက်တယ်။ သားကလည်း ညီမလေးရလို့ ပျော်နေတာပေါ့။ သူကတော့ ညမအိပ်ပဲနဲ့ကို ထိုင်စောင့်နေရှာတာ သူ့ညီမလေးကို ‘’ လို့ ဆက်လက် ပြောပြလာပါတယ်။

သားစိုးဟာ ဇနီးဖြစ်သူ မထက်ထက်ခိုင်နဲ့ သားလေး ထက်အာကာစိုးတို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး တစ်ယောက်ကိုပါ ပိုင်ဆိုင်ခွင့်ရရှိလာပြီဖြစ်ပါတယ်။

Photo: Soe Moe Aung

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုး ( Soe Moe Aung)ဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။



က္က