အဖေနဲ့အမေကို တက်တူးထိုးပြီး Surprise လုပ်ခဲ့ပါတယ်။
Sabal Thwin

သင်ဇာဝင့်ကျော်ကတော့ မိဘနှစ်ပါးအတွက် တက်တူးထိုးခဲ့တဲ့ အမှတ်တရက အရမ်းပျော်စရာကောင်းတဲ့အကြောင်းပြောလာပါတယ်။ 

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မိဘနှစ်ပါးအတွက် ပျော်စရာကောင်းတဲ့ အမှတ်တရလေးကို ဖန်တီးခွင့်ရတာ မမေ့နိုင်ဘူးလို့ဆိုပါတယ်။ သူမဟာ ချစ်သူများနေ့တုန်းက မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးကို လက်မောင်းပေါ်မှာ တက်တူး ထိုးခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။  

“ကိုယ့်မိဘအတွက် လုပ်ပေးချင်နေတာ အမြဲတမ်းပဲပေါ့။ မိဘကျေးဇူး ဆပ်ချင်တာထက် ကိုယ် ဒီလိုလုပ်လိုက်ရင် ပျော်သွားမလားဆိုတဲ့အတွေးနဲ့ လုပ်ပေးဖြစ်တာပါ။ သူတို့လည်း ပြုံးသွားတယ်၊ ပျော်တာပေါ့နော်။ အမေကဆိုရင် သမီးရယ် ကိုယ့်အသားအနာခံပြီး အဲဒီလို မထိုးပါနဲ့ပေါ့နော်။ မလိုပါဘူးပေါ့ သူတို့ကို ချစ်တယ်ဆိုတာ သိပါတယ်ပေါ့” လို့ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။ 

Photo: Thin Zar Wint Kyaw

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေ အများကြီးထိုးရတာကို သဘောကျနှစ်သက်တယ်လို့ ဆိုပါတယ်။ တက်တူးထိုးရတာလည်း သူမရဲ့ ဝါသနာတစ်ခုလို ဖြစ်နေတယ်ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။

“ တက်တူးထိုးရတာ အရမ်းကြိုက်တယ်၊ ထိုးပြီးရင်း ထိုးချင်နေတာ။ တစ်နေရာမှာ ထိုးလိုက်ပြီဆိုရင် နောက်တစ်နေရာကို ဘယ်မှာ ထိုးရင်ကောင်းမလဲဆိုတာ စဉ်းစားလိုက်တယ်။ နေရာ တွေ့သွားပြီဆိုရင်၊ ကိုယ်ထိုးမယ့်ပုံတွေ့သွားရင် အချိန်အခါ တိုက်ဆိုင်တဲ့အခါ ထိုးဖြစ်တာများတယ်” လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မန္တလေးမြို့ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

သင်ဇာဝင့်ကျော်ရဲ့ ခန္ဓာကိုယ်မှာ အရမ်းလှပလွန်းတဲ့ တက်တူးဒီဇိုင်းတွေကို ရေးဆွဲထားတာ တွေ့ရပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်ကို လုပ်နေရသူဖြစ်တာကြောင့် ထင်သာမြင်သာရှိတဲ့ အရာတွေမှာ တက်တူး မထိုးဖြစ်ဘူးလို့လည်း ပြောပြခဲ့ဖူးပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ တက်တူးတွေကိုတော့ လက်မောင်း(အောက်ဘက်)၊ ပေါင်၊ ခါး စတဲ့နေရာတွေမှာ ထိုးထားတာ တွေ့ရပါတယ်။  

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူး။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ


Author


က္က