မန်းချောင်းမှာ ရေချိုးတဲ့ ဓာတ်ပုံတွေတင်ခဲ့တဲ့အကြောင်းပြောလာပါတယ်။

မန်းချောင်းထဲမှာ ထမီရင်လျားနဲ့ ရေချိုးခဲ့တဲ့အပေါ် အေးမြတ်သူက အခုလို ပြောပြလာပါတယ်။ 

Photo: Aye Myat Thu



သရုပ်ဆောင် အေးမြတ်သူကတော့ မန်းရွှေစက်တော်ဘုရားသွားရင်း မန်းချောင်းထဲမှာ ထမီရင်လျားနဲ့ ရေချိုးခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း ဒီ ထမီရင်လျားနဲ့ဓာတ်ပုံတွေကို ရိုင်းတယ်လို့ မခံစားရဘူးလို့ အေးမြတ်သူက ဆိုပါတယ်။ 

“ရင်လျားနဲ့ ဓာတ်ပုံရိုက်တာက မရိုင်းဘူးလို့ထင်ပါတယ်။ ချောင်းမှာ ရေချိုးတာဖြစ်တဲ့အတွက် အေးမြတ်သူက ရင်လျားခဲ့တာပါ။ တချို့ကတော့ ပြောပါတယ် ဝတ်စုံအပြည့်နဲ့ ချိုးကြတယ်ပေါ့။ ဒါကလည်း ပတ်ဝန်းကျင်အနေ အထားကြောင့်ပါ။ လူတွေ အများကြီးရှိနေတဲ့အချိန် အခုလို ရင်လျားဖို့ အဆင်မပြေပါဘူး။ ဒါကိုလည်း လျှပ်ပေါ်လော်လီဖြစ်တယ်လို့ မခံစားရပါဘူး” လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူဟာ ခရီးတွေထွက်နေရရင် ပျော်နေသူတစ်ယောက်ပါ။ ခရီးသွားတိုင်းလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလှလှလေးတွေ အမြဲတမ်း တင်လေ့ရှိပါတယ်။ ဒီအလှဓာတ်ပုံလေးတွေကလည်း ပရိသတ်တွေကို ခရီးသွားချင်လာအောင် ဆွဲဆောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။ သူမဟာ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ ခရီးတွေ မကြာခဏ ထွက်နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Aye Myat Thu

စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ရတာက ပျော်ရွှင်မှုဖြစ်လာဖို့ ကောင်းကျိုးတစ်ခုပဲလို့ အေးမြတ်သူက ပြောပါတယ်။ ကိုယ်ပိုင် အချိန်တွေမှာ ပျော်ပျော်ရွှင်ရွှင်နေရတာ သဘောကျတယ်လို့ သူက ပြောပါတယ်။ 

“ ကိုယ့်စိတ်ကို အပေါ့ပါးဆုံးဖြစ်အောင်ထားတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ရဲ့ အလုပ်မှာ အလုပ်တွေ လုပ်နေရပေမယ့် အပြင်ဘဝမှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို လုံးဝ အပျောက်မခံပါနဲ့။ လူတွေက ဘာကြောင့် အိုလာသလဲဆိုရင် စိတ်ဖိစီးမှုပိုများရင် ပိုပြီးတော့ အိုမင်းရင့်ရော်လာတယ်။ အလုပ်မရှိရင်လည်း ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ ပျော်အောင်နေတယ်” လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က