ဇွန်လ (၂၇) ရက်နေ့ ဖြစ်ပါတယ်။

အိတုန်ကတော့ သူမရဲ့ သမီးလေး ထက်ထက်(ခ) နှိုင်းတုနဒီ ရဲ့ မွေးနေ့မှာ မပြည့်စုံတဲ့ ဘုန်းတော်ကြီးသင်မိဘမဲ့ကျောင်းမှာ အလှူလုပ်ချင်တယ်လို့ ဆိုပါတယ်။ 

Photo: Ei Tone



ဇာတ်ပို့သရုပ်ဆောင် အိတုန်ကတော့ ဇွန်လ (၂၇) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ တစ်ဦးတည်းသော သမီးလေး နှိုင်းတုနဒီ(ခ)ထက်ထက် ရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ သမီးလေးအတွက် ကုသိုလ်ရအောင် အလှူလုပ်တာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ရောဂါတွေနဲ့ဆိုတော့ ဆိုင်မှာသွားလုပ်တာ၊ အိမ်မှာ လုပ်တာတွေနဲ့ အဆင်မပြေဘူးလေ။ ဒါကြောင့် ကုန်မယ့်ပိုက်ဆံကို ဒီလိုလေး လှူလိုက်တဲ့အတွက် သမီးလေးအတွက်လည်း အကျိူူးရှိတယ်၊ ကုသိုလ်လည်းရတာပေါ့နော်။ အစ်မ သမီးကိုယ်တိုင်ကလည်း ကလေးဖြစ်တဲ့အတွက် ကလေးလေးတွေကို လှူချင်တယ်။ပြည့်စုံတဲ့နေရာထက် မပြည့်စုံတဲ့ နေရာလေးကို ပိုလှူချင်တယ်။ ဒါကြောင့် နေရာလေးကို စုံစမ်းနေတုန်းပါပဲ။ အဲဒီကျောင်းတွေဆိုရင် တစ်နေ့တာ ဒါနပေါ့နော်။ ဆွမ်းထမင်း၊ ဘုန်းဘုန်းတွေလည်းပါမယ်၊ မိဘမဲ့ ကလေးလေးတွေ အတွက်ရော တစ်နေ့တာလုံးအတွက် အစားအသောက်လှူမယ်။ ကလေးငယ်လေးတွေအတွက် ဒိုက်ဘာလေးတွေလည်း လှူဖြစ်မယ်” လို့သူကဆိုပါတယ်။ 

Photo: Ei Tone

အိတုန်ဟာ တစ်နှစ်ထက် တစ်နှစ် အရွယ်ကြီးလာပြီဖြစ်တဲ့ သမီးလေးအတွက် သူမဖြစ်စေချင်တဲ့ ဆန္ဒလေးတွေကို အခုလို ဖွင့်ပြောပြလာပါတယ်။ 

“ သမီးလေးကို ကိုယ်ဖြစ်စေချင်တာထက် ဘာဖြစ်သင့်တယ်ဆိုတာကို ကောင်းတာ ဆိုးတာလေးတွေ ဝေဖန်ပေးပြီးတော့ လမ်းကြောင်းမှန်လေးအပေါ်ရောက်အောင်ပို့ပေးမယ်။ ဆရာဝန်ကြီးဖြစ်ရမယ် ဆိုတာမျိုးတွေ မရှိဘူး။ ကလေးဆိုတာ သူ့ ဉာဉ်နဲ့ သူလာတာဆိုတော့ ကိုယ်အတင်းတိုက်တွန်းလို့ မရဘူး။ သူလျှောက်မယ့်လမ်းလေးမှာ သူဝါသနာပါတဲ့အရာလေးတွေ ဖြစ်ဖို့ ကိုယ်ကတော့ သူငယ်ချင်းပေါင်း ပေါင်းပြီးတော့ ဘေးကနေ အစ်မက ထိန်းပေးသွားမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Ei Tone

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က