တကယ်တော့ သားလေးလိုချင်ခဲ့တာပါ။

အိတုန်ကတော့ ဒုတိယမြောက်ကိုယ်ဝန်က သမီးလေးလို့ သိလိုက်ရတဲ့ အချိန်မှာ ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Ei Tone



ဇာတ်ပို့သရုပ်ဆောင် အိတုန်ကတော့ သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးက မိန်းကလေးပါဆိုတာကို Duwun ကနေတဆင့်ပြောပြလာပါတယ်။ သူမအနေနဲ့ သားလေး လိုချင်ပေမယ့် သမီးလေးရလည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုပါတယ်။ 

“အစ်မရဲ့ ဒုတိယမြောက်ရင်သွေးလေးက မိန်းကလေးဆိုတာ အဖြေသိရပါပြီ။ ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်။ ကိုယ်ဝန် စရခါစတုန်းက ယောင်္ကျားလေး လိုချင်ခဲ့တာပါ။ ကိုယ့်မှာ သမီးလေးရှိနေတော့ နောက်တစ်ယောက်ကို သားလေး ဖြစ်ချင်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဘုရားပေးတဲ့ အရာတစ်ခုပါပဲ။ အခုက မိန်းကလေးပဲဆိုတော့ ကိုယ့်ရင်သွေးလေးပဲလေ အရမ်းပျော်ပါတယ်။ သမီးလေး နှစ်ယောက်ဆိုတော့ ညီအစ်မနှစ်ယောက် တိုင်ပင်ဖော် တိုင်ပင်ဖက် ရတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Ei Tone

အိတုန်ဟာ အလှူအတန်း၊ ဘုရားတရား ကိုအင်မတန်ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ သားလေးသာဖြစ်ခဲ့ရင် သားလေးကို ရှင်ပြုပေးဖို့ စိတ်ကူးထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

“ အစ်မက စိတ်ကူးထဲမှာ သားတစ်ယောက်၊ သမီးတစ်ယောက်ဆိုရင် သားလေးကို ရှင်ပြုပေးမယ်၊ သမီးလေးကို နားသပေးမယ်လို့ စိတ်ကူးထားခဲ့ဖူးပါတယ်။ အခု သမီးလေးတွေကိုပဲ နားသပေးရမှာပေါ့နော်။ ရင်သွေးလေးကတော့ (၂) ယောက်ပဲ ယူဖို့ အစကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ သားလေး လိုချင်ပေမယ့်လည်း ထပ်မမွေးတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးက မွေးပြီးရင်လည်း အရွယ်ရောက်လာတဲ့ အထိ ကျောင်းထားပေးဖို့၊ ဝတ်ဖို့၊ စားဖို့တွေက ရှိနေသေးတော့ ခေတ်ကာလ စီးပွားရေး အခြေအနေအရ ကလေး နှစ်ယောက်ပဲ ယူတော့မယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ei Tone

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုနေမျိုးထွန်းကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ အိတုန်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က