သူမရဲ့ ပီတိစကားကို ပြောပြလာပါတယ်။

အိတုန်တို့ ဇနီးမောင်နှံကတော့ သမီးလေးအတွက် ရည်ရွယ်ပြီး ပိုက်ဆံလေးတွေ စုပေးဖြစ်သလို အခုဆိုရင် စုထားတဲ့ ပိုက်ဆံတွေက ထင်ထားတာထက် ပိုများလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

သရုပ်ဆောင် အိတုန်တို့ ဇနီးမောင်နှံက သမီးလေးအတွက် ရည်ရွယ်ပြီး စုဘူးလေးနဲ့ ပိုက်ဆံ စုလေ့ရှိတယ်လို့ ဆိုပါတယ်။စုဘူးကို ဖောက်လိုက်တဲ့ အချိန်မှာ မျှော်လင့်ထားတဲ့ ငွေကြေးထက် ပိုများနေတာကြောင့် ဝမ်းသာခဲ့ရတယ်လို့ Duwun ကို ပြောပါတယ်။ 



“ အိတုန်တို့က အလုပ်ကောင်းကောင်း မကောင်းကောင်း သမီးလေး အတွက်ဆိုပြီးတော့ စုဘူးလေး နဲ့ စုဖြစ်တယ်။ လူဆိုတာ အချိန်တန်ရင် ဘာဖြစ်မလဲ မသိဘူး ပိုက်ဆံဆိုတာ လက်ထဲမှာ ရှိမှဖြစ်မယ်။ အရေးအကြောင်းဆို ဘယ်သူ့ဆီကမှ သွားယူလို့ မရဘူး။ အဲဒါကြောင့် အိတုန်တို့က တတ်နိုင်သလောက် စုဘူးထဲကို (၅၀၀၀) ထည့်တယ်။ သမီးလေး မွေးကတည်းက စုလိုက်တာ သမီးလေး (၄) နှစ်လောက် ရောက်တော့ ဖောက်လိုက်တဲ့ အချိန်မှာ ၂၄ သိန်း ထွက်လာတယ်။ မေ့မေ့ပျောက်ပျောက် စုထားတဲ့ ပိုက်ဆံဆိုတော့ (၁၀) သိန်းလောက်ပဲ ထွက်လာမယ်ထင်တာ (၂၄) သိန်းဆိုတော့ အရမ်းပျော်တယ်” လို့ ဆိုပါတယ်။ 

အိတုန်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်မျိုးထွန်းကလည်း လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို ပိုပြီး ပြည့်စုံအောင် ထားချင်တယ်လို့ သမီးလေးရဲ့ မွေးနေ့ အလှူမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ 

“ အရင်တုန်းက လှူချင် တန်းချင်ပေမယ့် မိဘတွေက အလုပ်အရမ်းများနေတော့ အလှူတွေ မလုပ်မိခဲ့ဘူး။ အခုဆိုရင် အိမ်ထောင်လည်းကျပြီ။ ကလေးလည်း ရှိလာပြီဆိုတဲ့ အချိန်မှာ အလှူတွေ လုပ်ရတာ အရမ်းပီတိဖြစ်တယ်။ ပြီးတော့ အခုဆို မိသားစုအတွက် ကားလေး တစ်စီးတော့ ပိုင်ပြီ။ အိမ်ပဲ ကျန်တော့တယ်။ သမီးလေး အတွက် ပြည့်စုံစေချင်တဲ့ ဆန္ဒကြောင့် ထပ်ဖြည့်ပေးနိုင်အောင် ကြိုးစားမယ်” လို့သူက ဆိုပါတယ်။

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုဇော်မျိုးထွန်းကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က