၁ နှစ်ကျော်လေးပဲရှိသေးတယ်။

အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ တစ်ဦးတည်းသော သမီးလေး ကေသရီအနဂ္ဂအကြောင်းတွေ ပြောလာပါတယ်။ ၁ နှစ်ကျော်အရွယ်သာရှိသေးပေမယ့် သီချင်းနားထောင်ရတာကို အရမ်း စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

Photo: Than Thar Win



ဂီတ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ အနဂ္ဂနဲ့ သံသာဝင်း တို့ရဲ့ တစ်ဦးတည်းသော သမီးလေး ကေသရီအနဂ္ဂ ဟာ ၁ နှစ်ကျော်အရွယ်ကို ရောက်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ဂီတနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားရှိလှတဲ့ သမီးလေးအကြောင်းကို သံသာဝင်းက Duwun Media ကနေ ပြောပြလာပါတယ်။

‘’ သတိထားမိဆုံးကတော့ Music ပဲ။ ၅ လအရွယ်လောက်မှာဆိုရင် သီချင်းအသံကြားတာနဲ့ သူ့မျက်နှာပါ ပြောင်းသွားတယ်။ ကလေးဆိုတော့ တစ်ခါတလေမှာ ဂျီကျတဲ့အချိန်တွေရှိတယ်။ ဂျီကျရင်လည်း ဘာနဲ့မှ သူ့ကို ထိန်းလို့မရဘူး။ အဲဒီမှာ သီချင်းသာ ဖွင့်ပေးလိုက် ငြိမ်သွားရော။ Music ကို အရမ်းကြိုက်တယ်ဆိုတာ တွေ့ရတယ်။ ဒါပေမယ့် ၂ နှစ်တောင် မပြည့်သေးဘူးဆိုတော့ သူ့ရဲ့ အပြောင်းအလဲတွေကတော့ လာဦးမှာပဲပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Than Thar Win

အနဂ္ဂ ကလည်း သမီးလေးရဲ့ ဝါသနာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ ကေသရီအနဂ္ဂလေးက သီချင်းတွေ နားထောင် တတ်နေပါပြီတဲ့။

‘’ အခုနောက်ပိုင်း ကျောင်းတွေမှာက အနုပညာနဲ့ ပတ်သက်ပြီး အခြေခံလေးတွေ သင်ပေးကြတယ်။ အဲဒီမှာ သူ ဘာကိုဆက်ပြီး ဝါသနာပါမလဲဆိုတာ တွေ့ရမှာပါ။ အခုကတော့ သီချင်းကို အရမ်းဝါသနာပါ ပါတယ်။ ဘာသီချင်းပဲလာလာ အနည်းဆုံး မိနစ် ၄၀ လောက်ကတော့ သူ ထိုင်နားထောင်တယ်။ သဘောလည်းကျတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အပြောင်းအလဲကို ဆက်ကြည့်ရမှာပေါ့’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က MDS Fashion ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Than Thar Win

သမီးလေး ကေသရီအနဂ္ဂ ဟာ ၁ နှစ်ကျော်အရွယ်မှာ စကားတွေ စပြောနေပြီလို့ သံသာဝင်းက ပြောပါတယ်။ မေမေ့ထက် ဖေဖေ ကို ပိုပြီးခင်တွယ်တဲ့ ကလေးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

‘’ သမီးလေးက အဖေကို ပိုကပ်တယ်။ မနာလိုဖြစ်စရာအကြောင်းတော့ မရှိပါဘူး။ လက်သာတဲ့ဘက်ကို ကပ်တာပေါ့နော်။ ကို အနဂ္ဂက စိတ်ပိုရှည်တယ်။ အစ်မကကျတော့အမေဆိုတော့ စိတ်ပူတယ်။ တစ်ခုခုဆို မလုပ်နဲ့ ၊ မကိုင်နဲ့ ဆိုတာတွေ ပိုများတယ်။ ကိုနဂ္ဂကကျတော့ လုပ်ပါစေ နာသွားရင် နောက်တစ်ခေါက်သူ ထပ်မလုပ်တော့ဘူး။ ကလေးကလည်း အစ်မက သူ့အပေါ်မှာ စည်းကမ်းရှိတယ်ဆိုတာကိုသိတယ်။ တစ်ခုခုလိုချင်တာရှိရင် အစ်မဆီမလာဘူး သူ့အဖေဆီသွားပြီး တောင်းတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Than Thar Win

အနဂ္ဂကိုတော့ Rap ဂီတအဖွဲ့ကို စတင်လိုက်တဲ့ အက်ဆစ် အဖွဲ့ကနေ ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ သံသာဝင်း ကိုတော့ အသံစူးစူးလေးနဲ့ အချစ်သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ကြတာပါ။ သံသာဝင်းဟာ ဝါရင့်ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ သမီးဖြစ်ပါတယ်။ နွဲ့ယဉ်ဝင်းရဲ့ ဂီတမျိုးဆက်သစ် ဆိုရင်လည်း မမှားပါဘူး။ အနုပညာရှင်တွေ ဖြစ်ကြ တဲ့ သူတို့နှစ်ဦးကတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း မှာ မိသားစုအပေါ် အချိန်ပေးနေရတဲ့အတွက် ဂီတ အလုပ်တွေ ကို အနည်းအကျဉ်းသာ လုပ်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က