Little Chef လေးကတော့ ပြည်ပနိုင်ငံအထိတောင် အောင်မြင်နေတဲ့သူပါ။

အလှမယ် ဟန်နီချိုကတော့ ပြည်ပနိုင်ငံ အထိပါ အောင်မြင်နေတဲ့ သမီးလေး ကက်သရင်း(ခ) Little Chef လေးအတွက် ဝမ်းသာပီတိဖြစ်နေတယ်လို့ဆိုပါတယ်။ 

Photo: Mi Mi Lay



အလှမယ် ဟန်နီချိုရဲ့ သမီးလေး ကက်သရင်း ကတော့ Little Chef ဆိုတဲ့ နာမည်နဲ့ အောင်မြင်နေတာကို တွေ့ရပါတယ်။ မီးဖိုချောင် ကိစ္စတွေဟာ ကလေးတွေနဲ့ မဆိုင်ဘူးဆိုတဲ့ အသိမဖြစ်စေချင်ဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ့်သားသမီးတွေ လမ်းမှား မရောက်အောင် လိမ်လိမ်မာမာနဲ့ ကြီးပြင်းစေချင်တာဟာ မိဘတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒပါ။ အခု သမီးလေးက ဟင်းချက်တာ ဝါသနာပါတဲ့အတွက် သူဝါသနာပါတဲ့ အရာကို ကိုယ်တွေက ပံ့ပိုးပေးတာပါ။ သမီးလေး လိုမျိုး Little Chef ကလေးလေးတွေ အများကြီး ပေါ်ထွက်လာပါစေလို့ ဆုတောင်းတယ်။ မီးဖိုချောင် အလုပ်ဟာ ကလေးတွေနဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်တွေ ကင်းစင်ပြီး ကိုယ့်ရဲ့ သားသမီးလေးတွေကို ဒီအရွယ်မှာ သင်ပေးဖို့ ရပါလား ဆိုတာကို သိသွားစေချင်တယ်။ သူတို့ကိုယ်တိုင် ချက်တဲ့ အစားအသောက်ကိုလည်း သူတို့ကိုယ်တိုင် ကြိုက်ကြတယ်။ ဒါကြောင့် သားသမီးလေးတွေကို မီးဖိုချောင် အလုပ်လုပ်ဖို့ ဆွဲခေါ်ပေးပါလို့ အကြံပြုချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Honey Cho

Little Chef ဖြစ်တဲ့ ကက်သရင်းရဲ့ အောင်မြင်မှုကတော့ ဂျာမန် သတင်းစာတွေမှာသာမက ထိုင်းနိုင်ငံရဲ့ သတင်းစာ စာမျက်နှာတွေ ပေါ် အထိ အောင်မြင်လျှက်ရှိတဲ့ ကလေးငယ် တစ်ယောက်ပါ။ ဒါကြောင့် အလှမယ် ဟန်နီချိုကလည်း သူမရဲ့ သမီးလေးအတွက် ကျေနပ်နေမိတယ်လို့ ဆိုပါတယ်။ 

“ ကျွန်မတို့ မွေးထားတဲ့ သမီးတွေ အောင်မြင်လာအောင် တွန်းပို့ပေးရမှာ မိဘတွေရဲ့ တာဝန်ပါ။ သူတို့တွေဟာ ဖယောင်းရုပ်လေးတွေနဲ့ တူတယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေကို အောင် မြင်ဖို့အတွက် သူတို့ရဲ့ ဝါသနာလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် အခုလို ရှင်သန်နေရတာ ကျွန်မ အရမ်း ဝမ်းသာမိပါတယ်” ဆိုပြီးတော့ သရုပ်ဆောင် ခန့်စည်သူရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Mi MI Lay

ဟန်နီချို ကိုယ်တိုင်ကလည်း အောင်မြင်မှုတစ်ခု ပိုင်ဆိုင်ထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၉၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Mrs Universe 2019 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲမှာ မြန်မာအိမ်ထောင်ရှင်အမျိုးသမီး မဟန်နီချိုကတော့ Winner ဆုကို ရရှိ ပိုင်ဆိုင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာလည်း ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားတာ ဖြစ်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ အတူ " မအက္ခရာ" ဆိုတဲ့ ရုပ်ရှင်ကားကြီးလည်း ရိုက်ထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က