သမီးငယ်လေးရဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ပေးခဲ့ပါတယ်။

စမိုင်းလ်ဟာ ဘဝကို အဆင်ပြေပြေ ဖြတ်သန်းလာရတဲ့ သမီးငယ်လေး ကလိုဝီမောင် ရဲ့ စိတ်ထဲမှာ ကိုယ်ချင်းစာစိတ်လေး ထားတတ်အောင် သင်ပေးတယ်လို့ပြောပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် စမိုင်းလ်ကတော့ သမီးငယ်လေး ကလိုဝီမောင်(ခ) ဆုရတီမောင် အပေါ် ဖြစ်စေချင်တဲ့ သူမရဲ့ ဆန္ဒကို ပြောပြလာပါတယ်။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာတတ်သူလေး ဖြစ်အောင် သင်ပေးတယ် ဆိုပြီးတော့ Duwun ကို ပြောပြလာပါတယ်။ 

“ သမီးလေးက အစ်မတို့ဆီမှာ အဆင်ပြေပြေနေရတယ်။ ဒါပေမယ့် မိဘမဲ့ကလေးတွေကျတော့ သူ့လိုမျိုးကံမပါတဲ့အခါကျတော့ သမီးလေးကို နားလည်အောင် မိဘမဲ့ဂေဟာကို လှူဖြစ်တာပေါ့နော်။ သမီးလေး အသက်က (၁၂) နှစ်ပြည့်မို့လို့ ၁၂ သိန်းလှူဖြစ်တယ်။ ကလေးလေးတွေနဲ့ အတူတူ မွေးနေ့ကိတ် ခွဲပြီးကျွေးတယ်။ သမီးလေးက အဆင်ပြေပြေ နေရတဲ့အတွက် သူ့စိတ်ထဲမှာ ကိုယ်ချင်းစာ တရားရှိဖို့၊ သူတစ်ပါးကို ကိုယ်ချင်းစာတတ်မှ နားလည် ခံစားလို့ရမယ်လေ။ အဲဒီတော့ ကိုယ်ချင်းစာတရားလေးရှိဖို့ အဓိက သင်ပေးဖြစ်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

စမိုင်းလ်မှာတော့ ဆုနဒီ ဆိုတဲ့ သမီးကြီး နဲ့ ဆုရတီဆိုတဲ့ သမီးငယ်လေး နှစ်ယောက်ရှိပါတယ်။ သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့ မိသားစုတွေကိုပါ ချစ်ခင်ကြတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ စမိုင်းလ်ရဲ့ သမီးကြီး ဆုနဒီဟာ အနုပညာလမ်းကြောင်းပေါ် မှာ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးရင်း တဖြည်းဖြည်း လျှောက်လှမ်းလာတာကိုတွေ့ရပါတယ်။ သမီးငယ်လေးကတော့ ပညာရေးကိုသာ ဦးစားပေးနေတုန်းလို့ သိရပါတယ်။ 

Photo: Amazing Grace

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က