အသည်းယားနေတာ။

စန္ဒီမြင့်လွင်က သူမနဲ့တူပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပါ။ အရမ်းကို ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုလို့နေပါတယ်။

Photo : sandy Myint Lwin

စန္ဒီမြင့်လွင်ရဲ့ သမီးလေးက အခုဆိုရင်(၇)လအရွယ်ကို ရောက်နေပါပြီ။အဖေနဲ့အမေကိုလည်း သိနေပြီ ဖြစ်သလို အရမ်းလည်း တတ်နေပြီလို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။

"သူကအရမ်းသိနေပြီ။အဖေအမေလည်းသိနေပြီ။(၇)လရှိပြီဆိုတော့လေ။ သမိးလေးကို ကြီးလာရင်တော့ ဒီးဒီး ငယ်ငယ်က ဝတ်သလို ၇က်ပါဒီဇိုင်းလေး ဆင်မလာလို့ ။အဆင် ပြေပါတယ်။အိမ်မှာ အကုန်လုံးက ဝိုင်းထိန်းပေးတော့ အဆင် ပြေပါတယ်။ကိုယ်ကလည်း အိမ်မှာ ကလေးဆိုတော့ ကလေးက ကလေး ပြန်ထိန်းနေရသလို ဖြစ်နေတာပေါ့" လို့ ဖေဖော်ဝါရီ(၁) ရက်နေ့က City FM ပွဲတက်လာရင်း Duwun ကိုပြောခဲ့တာပါ။


Photo : sandy Myint Lwin

ပရိသတ်တွေအားလုံးကလည်း သမီးလေးကို ဝိုင်းချစ်ပေးကြတဲ့အတွက် ကျေးဇူးအရမ်းတင်တယ်လို့ ဆိုပါတယ်။

"သမီးလေးကို အကုန်လုံး ဝိုင်းချစ်နေကြတော့ မင်းသမီး လုပ်ခိုင်းလိုက်မယ်လေ။အလကား စတာပါ။ အားလုံး ဝိုင်းချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကိုယ်လည်း သမီးလေးကို ကြည့်ပြီး အသည်းတွေ ယားနေတာ ။ကိုယ့်ဗိုက်ထဲကနေ ဘယ်လိုထွက်သွားမှန်းတောင် မသိဘူး" လို့ သူမက ဆိုပါတယ်။လောလောဆယ်တော့ အလုပ်တွေ လုပ်ချင်သေးတာ‌‌ကြောင့် ‌နောက်ထပ်ရင်သွေးယူဖို့ မစဥ်းစားသေးပါဘူးလို့ သူမက ပြောပါတယ်။

Photo : sandy Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါသေးတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၇ လရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။

Photo : sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူမဟာ သမီးလေးနဲ့ ပတ်သက်တဲ့ သီချင်းလည်း ဆိုဖို့ရှိသေးတယ်လိုု့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




က္က