မွေးတဲ့နေ့ကလည်း Super Moon နေ့မှာ မွေးတာပါ။
Sabal Thwin

နိုင်လူရဲ့ သမီးလေး ခေတ်ဆည်းဆာကတော့ တကယ်ကို ထူးခြားတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထူးခြားမှုတွေကိုလည်း နိုင်လူက အခုလို ပြောပြခဲ့ပါတယ်။

Photo: Naing Lu

သရုပ်ဆောင်နိုင်လူကတော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ခေတ်ဆည်းဆာ အကြောင်း ပြောပြ လာပါတယ်။ ဒီသမီးလေးကို ကိုယ်ဝန်စရှိကလည်းက ထူးခြားမှုတွေ စတင်လာတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

“ ဒီသမီးလေး မွေးပြီးတော့မှ ထူးခြားတဲ့အနေအထားတွေပေါ်ပေါက်လာတယ်၊ ဖြစ်ထွန်းလာတယ်။ ဒီသမီးလေးက အလိုလိုက်လွန်းတော့လည်း ဆိုးချင်တယ်။ သူ့အမေကလည်း အလုပ်တစ်ဖက်နဲ့ နယ်တွေ သွားနေရတယ်၊ အစ်ကိုကလည်း အစ်ကို့အလုပ်နဲ့ အပြင်တွေသွားနေရတဲ့အချိန်မှာ သမီးလေးက အဘိုးအဘွားတွေနဲ့ နေရတာများတယ်” လို့ သူကဆိုပါတယ်။

Photo: Naing Lu

အသက်ကြီးမှ ကလေးရလာတာကြောင့် မယူတော့ဖို့ ဆုံးဖြတ်ခဲ့မိဖူးတယ်လို့ နိုင်လူကပြောပါတယ်။ ဒါပေမယ့် မွေးလာတဲ့ နေ့ကလည်း တကယ်ကို ထူးခြားတယ်လို့ ဆိုပါတယ်။

“ ဇနီးဖြစ်သူက သမီးလေးကို အသက်ကြီးမှ မွေးတယ်။ ကလေးမရနိုင်မယ့် အသက်အရွယ်မှာ ကလေးလေးရတယ်။ ကလေးကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ မယူဖို့ ဆုံးဖြတ်မိသေးတယ်။ အဲဒီအချိန်မှာ ဦးနိုင်လူတို့က ကားအက်ဆီးဒင့်ဖြစ်တယ်။ ပြီးတော့ သမီးလေးကို ၈ လနဲ့ မွေးတာ မွေးတုန်းက ၅လပဲရှိတယ်။ မွေးတဲ့နေ့ကလည်း နှစ် ၈၀ မှထွက်တတ်တဲ့ Super Moon နေ့၊ တကယ့်လပြည့်တဲ့အချိန် ၁၀ နာရီကျော်လောက်မှာ သူ့ကို မွေးတယ်” လို့ ပြောခဲ့ပြန်ပါသေးတယ်။

Photo: Naing Lu

သမီးလေး ခေတ်ဆည်းဆာကို မွေးပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူလည်း မျက်စိကွယ်သွားခဲ့ရတယ်လို့ နိုင်လူက ဆိုပါတယ်။

“ အမျိုးသမီးက ကလေးမွေးပြီးတဲ့အချိန်မှာ သွေးအရမ်းတက်သွားပြီး မျက်စိကွယ်သွားတယ်။ ရောဂါရှာမရဘူး ခါးချဉ်ဆီထုတ်ရတယ်။ ကျောက်ကပ် ၃ ခါဆေးရတယ်။ ဆေးရုံ ၃ ရုံပြောင်းရတယ်။ ခေတ်ဆည်းဆာနဲ့ သူ့ အမေဆိုရင် မွေးပြီးတော့ ရက်ပေါင်း ၃၄ ရက်ပြည့်လောက်မှ တွေ့ရတာ။ ဘာသာရေး ကုထုံးနဲ့ ကုပြီးတော့မှပြန်အဆင်ပြေသွားတယ်။ အခုဆိုရင်လည်း ဇနီးက မျက်စိလည်းပြန်ကောင်းသွားပြီ။ ဘာရောဂါမှ မရှိတော့ဘူးပေါ့” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Naing Lu

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်ရတဲ့ ဇနီး၊ ချစ်ရတဲ့ သမီးလေး နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ထောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။




ဆက်စပ်အကြောင်းအရာများ


က္က