မိဘဆိုတာထက် သူငယ်ချင်းလို ပေါင်းတော့ ပိုလွတ်လပ်တယ်။
Sabal Thwin

နေရဲ ဟာ သူဘာပဲလုပ်လုပ် ဖခင်ဖြစ်သူ ခင်လှိုင်ကို အမြဲတိုင်ပင်လေ့ရှိတဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Nay Ye

နေရဲကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ သားသမီးတွေ အပေါ် သူငယ်ချင်းသဖွယ် ပေါင်းသင်းတတ်တဲ့ မိဘနှစ်ပါးကြောင့် ဘာပဲလုပ်လုပ် ကြောက်စိတ်မရှိပဲ အမြဲတိုင်ပင်တယ်လို့ နေရဲက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်တို့ မိသားစုမှာက အဖေ့ရဲ့ သွန်သင်ဆုံးမမှုရော၊ အမေ့ရဲ့ သွန်သင်ဆုံးမ မှုရော ကို အကုန်လုံးက နာခံတယ်။ ပြီးတော့ အဖေ အမေ ဆိုတာထက် အကုန်လုံးက သူငယ်ချင်းလို၊ မောင်နှမလို ပေါင်းသင်းဆက်ဆံရေးဖြစ်တာ ကြောင့် ကျွန်တော်တို့မှာ အရမ်းလွတ်လပ်တယ်။ တစ်ခုခု တိုင်ပင်ချင်တယ်ဆိုရင် တောင်မှ ကျွန်တော်တို့မှာ ကြောက်တဲ့ စိတ်က နည်းတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတိုင်း အဖေ့ကို အမြဲတိုင်ပင်တာဖြစ်တဲ့အတွက် အမှားနည်းတယ်၊ အမှားကင်းတာပေါ့” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါသေးတယ်။ 

Photo: Nay Ye

နေရဲဟာ အရက်၊ ဘီယာ သောက်တာက အစ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ ခွင့်ပြုချက်ရမှ သောက်တယ်လို့ ဆိုပါတယ်။ 

“ အဖေက ငယ်ငယ်ကတည်းက ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ပေးနေတယ်။ တစ်ခုခု လုပ်မယ်ဆိုလည်း ပေါ်တင်ပြော၊ ခိုးမလုပ်နဲ့ သူများပြောမှ သိရတာကို မကြိုက်ဘူး အဖေက။ အလုပ်အားတဲ့အချိန် သူငယ်ချင်းတွေနဲ့ သွားတယ်၊ သောက်တယ် ဆိုရင်လည်း အဖေ့ကို ခွင့်တောင်းတယ်။ အခုတော့ အဖေက ဘီယာတော့ သောက်ခွင့်ပေးတယ်။ အရက်တော့ မသောက်ဘူး။ သောက်ရင်လည်း ရံဖန် ရံခါ သောက်တာလောက်ပဲ ခွင့်ပြုတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Ye

နေရဲကတော့ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် ဆောင်ရွက်လာရပြီဖြစ်ပါတယ်။ သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရသူပါ။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က