(၇) ရက်အကြာ သာသနာ့ဘောင်ထဲဝင်သွားမယ်လို့ သိရပါတယ်။

မင်းသန့်မောင်မောင်ကတော့ ယောဆရာတော်ကျောင်းတိုက်မှာ "အရှင်ပုည"ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲ ဝင်ခဲ့တာလို့ ဆိုပါတယ်။  

အကယ်ဒမီ စင်ရော်မောင်မောင် နဲ့ အကယ်ဒမီ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်ကတော့ သြဂုတ်လ (၁၆) ရက်နေ့က ယောဆရာတော်ကျောင်းတိုက်မှာ ရဟန်းဝတ်ခဲ့ပါတယ်။ သူ့ရဲ့ ဘွဲ့နာမည်ကတော့ “အရှင်ပုည” ဘွဲ့ဖြစ်ပြီး (၁) ပတ်တိတိ သာသနာ့ဘောင်ထဲမှာ တရားအားထုတ်သွားမယ်လို့ သိရပါတယ်။



 မင်းသန့်မောင်မောင်ကလည်း သူချစ်ရတဲ့ မိဘနှစ်ပါးကို စိတ်ချမ်းသာစေချင်တာကြောင့် ရဟန်းဝတ်ခဲ့တာလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော် ရဟန်းဝတ်တယ်ဆိုတာက ကျွန်တော့်ရဲ့ မိဘတွေကို ကျေးဇူးဆပ်ချင်လို့ ပြီးတော့ အမေ စိတ်ညစ်နေရတဲ့ အချိန်တွေမှာ စိတ်ကို ငြိမ်းချမ်းစေချင်လို့ရော ဆိုတဲ့ ဆန္ဒနဲ့ ရဟန်းဝတ်တာပါ။ အဓိက ကတော့ ကျွန်တော် ရဟန်းဝတ်မယ့် အချိန်မှာ စိတ်ကို တည်ငြိမ်ဖို့ထက် မကောင်းတဲ့ အရာတွေကို ချန်ခဲ့နိုင်ဖို့၊ မိဘကို စိတ်ချမ်းသာစေဖို့နဲ့ ကျေးဇူးဆပ်ချင်တယ် ဆိုတဲ့ ဆန္ဒတွေကြောင့် ရဟန်းဝတ်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ သူက ဆိုပါတယ်။ 

မင်းသန့်မောင်မောင်ဟာ သူရဟန်းဝတ်တဲ့ နေ့ထူးနေ့မြတ်လေးမှာ မိဘနှစ်ပါးနဲ့ အတူတူရှိခွင့်ရတာကြောင့် ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“ ရဟန်းဝတ်နေတဲ့ အချိန်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာလေးတွေကို နေ့တိုင်းရွတ်နေမှာပါ။ ရဟန်းဝတ်ရလို့လည်း အရမ်းကို ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ဘဝအတွက် အမှတ်တရ ဖြစ်နိုင်မယ့် ရက်လေးတစ်ရက်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော် ရှင်ပြုတဲ့ အချိန်မှာ မိဘနှစ်ပါးစလုံး အနားမှာရှိမယ်၊ အဲဒီအတွက် မိဘနှစ်ပါးစလုံးကို အတူတူကျေးဇူးဆပ်ခွင့်ရတာပေါ့နော်" ဆိုပြီးတော့ သြဂုတ်လ(၁၆) ရက်နေ့က ယောဆရာတော် ကျောင်းတိုက်မှာ ဖြေဆိုခဲ့တာပါ။   

မင်းသန့်မောင်မောင်ကိုတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူကိုယ်တိုင်လည်း ဖခင်နဲ့အတူ တွဲဖက်ဒါရိုက်တာ တစ်ယောက်အဖြစ် “ထာဝရအမေ” ၊ “ တိမ်တွေပေါ်က ပန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ မင်းသန့်မောင်မောင်ကို ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က