loading...

loading...

loading...

အိမ်လည်းဝယ်ပေးတယ်၊ ခရီးတွေလည်း ထွက်ပေးတယ်။
Sabal Thwin

တိုင်ရွန်ကတော့ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ သားတစ်ယောက်ဖြစ်ရတာ ဝမ်းသာတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ကိုယ်ပိုင်အိမ်လေး ဝယ်ပေးခဲ့နိုင်တဲ့ ပီတိကလည်း ဘာနဲ့မှ လဲလို့မရပါဘူးတဲ့။

Photo: Tyron Bejay

တိုင်ရွန်ကတော့ မိဘနှစ်ပါးအတွက် မကြာခဏဆိုသလို လက်ဆောင်တွေပေး၊ Surprise တွေ လုပ်ပေးတတ်တဲ့ သားလေးပါ။ မကြာသေးခင်ကလည်း မိဘတွေအတွက် အိမ်လေးတစ်လုံး ဝယ်ပေးခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ မိဘတွေအတွက် အိမ်လေးဝယ်ပေးဖြစ်တာကလည်း ကျွန်တော်တို့ မောင်နှမတွေနေရာရွေးပြီးတော့ ဝယ်ပေးဖြစ်လိုက်တာပါ။ မိဘနှစ်ပါးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ မိဘတွေကို စိတ်ချမ်းသာအောင် ထားပေးလို့လည်း ကျွန်တော် အလုပ်တွေ အဆင်ပြေတာပါ။ ထပ်ပြီးတော့လည်း ကြိုးစားသွားပါဦးမယ်။ အရမ်းလည်းချစ်ပါတယ်” လို့ ဆိုပါတယ်။

Photo: Tyron Bejay

တိုင်ရွန်ဟာ ကိုယ်ပိုင်အိမ်လေးနဲ့ နေခွင့်မရခဲ့ဖူးတဲ့ မိဘနှစ်ပါးအတွက် အိမ်ဝယ်ပေးနိုင်ခဲ့တဲ့ ခံစားချက်က ပြောမပြတတ်အောင် ဝမ်းသာရပါတယ်တဲ့။ သူဟာ မိသားစုထဲမှာလည်း အငယ်ဆုံး သားဖြစ်သလို မိဘကိုလည်း အရမ်းချစ်တယ်လို့ ဆိုပါတယ်။

“ အဖေနဲ့ အမေ အရမ်းပျော်သွားတော့လည်း ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့က အိမ်ပိုင်နဲ့ မနေဖူးဘူးလေ။ အခုလို ဝယ်နိုင်ခဲ့ပြီဆိုတော့ အရမ်းဝမ်းသာတယ်။ အဖေနဲ့ အမေကိုလည်း မသေခင်လေး ကောင်းကောင်းမွန်မွန် ထားနိုင်တယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အဲဒီပီတိက ဘာနဲ့မှ လဲလို့မရဘူး။ နောက်ထပ် ဘာနဲ့မှ လဲလို့ရမှာ မဟုတ်ဘူးဆိုတာလည်း သေချာတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့က “မိုက်မဲချစ်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Tyron Bejay

အိမ်ဝယ်ပေးပြီးတဲ့ နောက်မှာလည်း မိဘနှစ်ပါးအတွက် ပုံတူပန်းချီကားလေး လက်ဆောင်ပေးခဲ့သေးတယ်လို့ တိုင်ရွန်က ပြောပါတယ်။

“ အဖေနဲ့ အမေ တို့ရဲ့ ပုံတူပန်းချီလေးကိုလည်း အပ်ထားတာကတော့ ကြာပြီ။ အမှန်တော့ အိမ်ပေါ်မရောက်ခင်ကတည်းက မှာထားတာပါ။ အကြောင်းတစ်ခုခုကြောင့် ပုံလေးက ကြာသွားတာပါ။ ပုံတူတွေ၊ ပန်းစည်းတွေက ချစ်သူတွေကို ပေးဖူးတယ်လေ။ မိဘတွေလည်း အခုလို surprise လေးတွေ လိုချင်ကြမှာပဲဆိုတော့ တစ်လ တစ်ခါ ကျွန်တော်တို့ မောင်နှမတွေ စုပြီးတော့ ခရီးတွေ အတူတူထွက်ဖြစ်တယ်။ အဓိက ကတော့ အဖေနဲ့ အမေ အလုပ်မလုပ်တော့တဲ့အချိန်မှာ သိမ်ငယ်စိတ် မဝင်သွားစေချင်ဘူး" လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: Tyron Bejay

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က