Ei Ei Myat

တိုင်ရွန်ကတော့ သူကြိုက်နှစ်သက်တဲ့မိန်းကလေးပုံစံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပုံစံလေးတွေက တိုင်ရွန်ကြိုက်တဲ့ ပုံစံလေးဖြစ်နေမလဲ ကြည့်လိုက်ရအောင်နော်။

 

Photo : တိုင်ရွန်

မိန်းကလေးအများစုရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့သရုပ်ဆောင် တိုင်ရွန်က အသားဖြူတဲ့ မိန်းကလေးမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။ ယောကျ်ားလေးတွေနဲ့ တန်းတူပေါင်းလို့ရတဲ့ မိန်းကလေးမျိုးကို သဘောကျသလို မိန်းကလေး အရမ်းဆန်ရင်တော့ မကြိုက်ဘူးလို့ ပြောပါတယ်။

“အသားဖြူဖြူလေးကို ကြိုက်တယ်။ ပုံစံအရဆိုရင် ယောကျာ်းလေးတွေနဲ့ တန်းတူပေါင်းတဲ့ မိန်းကလေမျိုးကို သဘောကျတယ်။ ပေ့ါပေ့ါပါးပါးနေတတ်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ် ။ မိန်းမဆန်တာမျိုး သဘောမကျဘူး” ဆိုပြီး သြဂုတ်လ(၁) ရက်နေ့က ပြုလုပ်တဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ပြောပြခဲ့တာပါ။

Photo : တိုင်ရွန်

တိုင်ရွန်ဟာ လက်ရှိမှာ နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီးတော့လည်း တိုင်ရွန်က ယခုလို ပြောပြခဲ့ပါသေးတယ်။

“စောပါသေးတယ်။ စောပါသေးတယ်ဆိုတာ အနုပညာမောင်နှမတွေပါ။ ကျွန်တော့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အတည်ဖြစ်သွားပြီဆိုရင်တော့ ပရိသတ်ကို ပြောမှာပါ။ ခိုးတွဲရတာ သိပ်ဝါသနာ မပါဘူးဆိုတော့လေ။ မကြာခင် ပရိသတ်တွေ သိရမှာပါ။ ကျွန်တော်ကတော့ public ချပြရတာ ကြိုက်တယ်။ public ချပြတယ်ဆိုတာကလည်း ဖေ့စ်ဘွတ်ပေါ်မှာ ပုံတင်တာမျိုးမဟုတ်ပါဘူး။ကိုယ်ချစ်တဲ့ချစ်သူကို လူကြားထဲ လက်တွဲပြီးခေါ်ရဲတာကို ပြောတာပါ” ဆိုပြီး သူက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo : တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှ င်တစ်ယောက်ဖြစ်တဲ့ အတွက် ရှေ့ဆက်ပြီးတော့ လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။

Photo : zaw myo htet

 မော်ဒယ်လောကမှာကတည်းကအောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က