MTV အတူတူရိုက်ခဲ့တဲ့ အဆိုတော်မလေးနဲ့ဆက်ဆံရေးကို ဖွင့်ပြောလာပါတယ်။

ဆောင်းယွန်းစံက သူမနဲ့ အဆိုတော် Sone တို့ရဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ယောကျ်ားလေးတွေကို စိတ်မဝင်စားသေးပါဘူးတဲ့။

Photo: Saung Yoon San



ဆောင်းယွန်းစံ ပါဝင်သရုပ်ဆောင်ထားတဲ့ “ တစ်ဦးတည်းသော” ဆိုတဲ့ Music Video လေးကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားလို့နေပါတယ်။ ဒီ Music Video ထွက်လာပြီးတဲ့နောက်မှာတော့ ဆောင်းယွန်းစံ နဲ့ Sone တို့ရဲ့ ဆက်ဆံရေးကို စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီအကြောင်းကိုလည်း ဆောင်းယွန်းစံက Duwun Media ကနေ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

“ဆောင်းရဲ့ စိတ်ကို ပြန်သုံးသပ်ပါတယ်။ သေချာတာက မိန်းကလေးနဲ့တော့ ဆောင်း အိပ်မှာမဟုတ်ဘူး၊ ညားမှာလည်းမဟုတ်ဘူး ကျိန်းသေတယ်။ ဆောင်းရဲ့ စိတ်ထဲမှာက မိန်းကလေးတစ်ယောက်အပေါ် အရမ်းချစ်တယ်၊ စိတ်ညစ်တဲ့အခါလည်း တိုင်ပင်လို့ရတယ်၊ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုရင်လည်း အတူတူသွားလာလို့ရတယ်။ သူကတော့ ဆောင်းအတွက် အကောင်းဆုံးပါပဲ” လို့ သူကဆိုပါတယ်။

Photo: Saung Yoon San

ဆောင်းယွန်းစံနဲ့ Sone တို့ဟာ တစ်ချိန်က ချစ်သူ ကိုယ်စီရှိခဲ့ကြပါတယ်တဲ့။လက်ရှိမှာတော့ သူတို့ နှစ်ယောက်စလုံး ချစ်သူထားဖို့ အစီအစဉ်မရှိဘူးလို့ လို့ ဆောင်းယွန်းစံက ပြောပါတယ်။

“ ဆောင်းကတော့ လတ်တလောမှာ ယောကျ်ားလေးတွေကို စိတ်မဝင်စားပါဘူး။ အရင်တုန်းက ရည်းစားရှိတယ်။ အခု မရှိတော့ဘူးပေါ့နော်။ သူ့ရည်းစားကိုလည်း ဆောင်းသိတယ်၊ ဆောင်းရည်းစားကိုလည်း သူသိတယ်။ ဒါပေမယ့် ပြတ်သွားတော့လည်း နှစ်ယောက် အတူတူပဲ ပြတ်သွားကြတယ်။ နှစ်ယောက်တွဲနေကြသလားဆိုတော့လည်း လတ်တလောမှာ မတွဲသေးပါဘူး” လို့ ဆိုပါတယ်။

Photo: Thu Rain

“တစ်ဦးတည်းသော” Music Video လေးနဲ့ ပတ်သက်ပြီးတော့လည်း ဆောင်းယွန်းစံက ရင်ဖွင့်စကားပြောပြခဲ့ပါသေးတယ်။

“ ဆောင်းက LGBT ကို ထောက်ခံပါတယ်။ မိန်းကလေးအချင်းချင်းပဲဖြစ်ဖြစ်၊ ယောကျ်ားလေးနဲ့ မိန်းကလေးနဲ့ပဲဖြစ်ဖြစ်၊ အဓိက ကတော့ ဘယ်လိုပဲချစ်ချစ် ချစ်ကြတာပဲလေ။ ချစ်တာက အပြစ်တစ်ခုမှ မဟုတ်တာ။ ဒါပေမယ့် ကိုယ့်ရဲ့ ချစ်ခြင်းက တခြားမိသားစုကို ဖြိုကွဲမယ့်အရာမျိုးဆိုရင်တော့ အပြစ်ဖြစ်တယ်လို့ ထင်တယ်” လို့ သူကဆိုပါတယ်။

Photo: Saung Yoon San

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က