ခရီးသွားရင် ကွန်မန်ဒိုဘောင်းဘီနဲ့ ဘွတ်ဖိနပ်နဲ့။

သူငယ်ချင်းတွေနဲ့ မကြာခဏ ခရီးတွေထွက်တတ်တဲ့ ဖူးစုံနဲ့ သူငယ်ချင်းဖြစ်သူကို အမြဲစနောက်တတ်တဲ့ သက်မွန်မြင့်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်လေးက တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်။

Photo: Phu Sone



နှလုံးသားရေးရာမှာ သတင်းတွေ တည်ငြိမ်လွန်းတဲ့ ဖူးစုံက သူငယ်ချင်းတွေနဲ့ စုပြီး မကြာခဏ ခရီးထွက်နေသူဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ ခရီးထွက်ရတဲ့ ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ဖူးစုံတို့ကလေ လူအကြောင်းကို ခရီးသွားဖူးရင်သိတယ်၊ ခရီးသွားကြည့်ရင် ပိုသိတယ်ပေါ့။ ဖူးစုံတို့ သူငယ်ချင်းတွေက ခရီးသွားလိုက်တဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်တာလေးတွေ ပိုရှိလာကြတယ်။ သူငယ်ချင်းထက် ညီအစ်မတွေလို ဖြစ်သွားတာ’’ လို့ သူထူးစံနဲ့ ထိုက်ဆုဝင်း တို့ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ရင်း ဖြေဆိုပေးခဲ့တာပါ။

Photo: RBV

အဲဒီနောက် အနေအေးပြီး ရိုးရိုးလေး နေတတ်တဲ့ ဖူးစုံကို အမြဲတမ်း စတတ်၊ နောက်တတ်တဲ့ သက်မွန်မြင့်က အရွှန်းဖောက် စနောက်ခဲ့ပါတယ်။

‘’ အရမ်းမိန်းမဆန်တဲ့သူတွေ တစ်ယောက်မှ မပါဘူး။ သူက ပိုဆိုးတယ်၊ မင်္ဂလာဆောင်မို့လို့သာ မြန်မာဝတ်စုံတွေ ဝတ်လာတာ။ ခရီးသွားရင် ကွန်မန်ဒိုဘောင်းဘီ တွေနဲ့ ဘွတ်တွေနဲ့ ယောကျ်ားလျာကြီးတွေလိုပဲ ဘယ်စော်ချိတ်မလဲ မသိဘူး။ သူက ယောကျ်ားယူမှ မဟုတ်ဘူး။ မိန်းမယူမှာ’’ ဆိုပြီးတော့ ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့ကြတာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။

Photo: Thet Mon Myint

ဖူးစုံကတော့ လက်ရှိမှာ အပျိုကြီး ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားနိုင်သူ တစ်ဦးလို့ ဆိုရမှာပါ။ သူမအနေနဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် အိမ်ထောင်မပြုသေးတာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။

''အိမ်ထောင်ရေးဆိုတာကို ကြောက်စရာလို့လည်း မမြင်သလို၊ ပျော်စရာ ကြည်နူးစရာတွေနဲ့ ပြည့်နေမှာပါလို့လည်း မမြင်ပါဘူး'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက လက်ရှိမှာတော့ အပျိုကြီး တစ်ကိုယ်တည်းပါပဲ။

Photo: Thet Mon Myint

သက်မွန်မြင့်(Thet mon Myint)ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က