အခုဆို သူက ဆိုင်ရှင်ဖြစ်နေတယ်။

လင်းဇာနည်ဇော်ကတော့ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေမှာ သမီးလေး မြူလင်းကိုကို က အားကိုးနေရပြီလို့ ဆိုပါတယ်။ 

Photo: Lin Zarni Zaw



မြူလင်းကိုကို ကတော့ ပြည်ပမှာ သွားရောက်ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းအားလပ်ရက်တွေမှာ မိခင်ဖြစ်သူဆီကို အလည်ပြန်ရောက်နေတယ်လို့ သိရပါတယ်။ လင်းဇာနည်ဇော်က သမီးလေး မြူလင်းကိုကို ရဲ့ အလုပ်ကြိုးစားမှုတွေကို Duwun ကနေ အခုလို ပြောပြလာပါတယ်။  

“ သူရန်ကုန်ပြန်ရောက်လာပြီဆိုရင် အစ်မက အနားမပေးဘူး။ သူ့ကို ခေါက်ဆွဲဆိုင်နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲဖို့ အလုပ်ပေးတယ်။ အခု Covid ကာလမှာ အစ်မတို့ Online Delivery လုပ်လိုက်တဲ့ အချိန်မှာ Page ကနေ သူပဲ အော်ဒါကောက်၊ သူပဲ လမ်းကြောင်းဆွဲတာဆိုတော့ သမီးလေးပဲ ဦးစီးပြီးလုပ်နေတာပေါ့။ သူက အလုပ်ကို အရမ်းလောဘကြီးတဲ့သူပါ။ အရင်တုန်းကဆို သောကြာ၊ စနေ (၂) ရက်ပဲ Delivery ပို့တာ ကလေးတွေ ပင်ပန်းမှာ စိုးလို့လေ။ သူရောက်လာတော့ တစ်ပတ်လုံးကို အလုပ်လုပ်နေရတာ။ ကိုယ်တွေကလည်း သမီးရေ နားရက်လေး ထားဦးဆိုပြီးတော့ ပြောနေရတယ်” လို့ဆိုပါတယ်။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ဟာ သမီးလိမ္မာလေးကို ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ သမီးလေးကိုလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူဖြစ်စေချင်တယ်လို့ သူကဆိုပါတယ်။ 

“ သမီးလိမ္မာရထားတော့ ကောင်းလည်းကောင်းတယ်၊ မောင်းလည်းမောင်းတယ်။ ဝန်ထမ်းတွေတင်မကဘူး ကိုယ်တွေကိုပါ မောင်းတာသူက။ အမှန်အတိုင်းပြောရရင် သူအလုပ်လုပ်နိုင်တာ မြင်ရတော့ အစ်မက ကျေနပ်တယ်။ လူဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှလေ။ လူဆိုတာ သူများခြေထောက်ပေါ်ရပ်ရင် ရေရှည်ဘယ်တော့မှ မမြဲဘူး။ အရေးကြီးတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ်ရှိမှာလေ။ သူကောင်းတာတွေ အများကြီးလုပ်လို့ ကောင်းတဲ့အကျိုးတွေရှိလာရင် အစ်မက ပီတိဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီးလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က