ရွှေတိဂုံဘုရားမှာ ဒီနေ့(ဇန်နဝါရီလ ၁၁ရက်)မှာ ကျွေးမှာပါ။

စမိုင်းလ်ကတော့ သမီးကြီး Portia Maung (ခ) ဆုနဒီ ရဲ့ အသက် ၁၅ နှစ်ပြည့် မွေးနေ့မှာ လူအယောက် ၁၀၀၀ စာ စတုဒီသာအလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင် စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် တို့ရဲ့ သမီးကြီး Portia Maung (ခ) ဆုနဒီ ကတော့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အသက် ၁၅ နှစ်ပြည့်သွားပါပြီ။ မွေးနေ့မှာတော့ မိသားစုတွေ စုံစုံညီညီ အလှူအတန်းလုပ်နေကြပါတယ်။ Portia maung ရဲ့ မွေးနေ့ အလှူအဖြစ် ထမင်း၊ ကြက်သားဟင်း၊ အာလူးမွှေသစ်ဂျပိုးဟင်း၊ သီးစုံပဲကုလားဟင်း၊ ငါးပိကြော် တို့ကို လူအယောက် (၁၀၀၀) စာအဖြစ် ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ဒီနေ့(ဇန်နဝါရီလ ၁၁ရက်) နေ့လည်က စလို့ စတင်ကျွေးမွေး ဧည့်ခံသွားမယ်လို့ သိရပါတယ်။



Portia Maung ဟာ မိခင်ဖြစ်သူ သရုပ်ဆောင်စမိုင်းလ် လိုပဲအနုပညာအလုပ်တွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စမိုင်းလ်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သမီးလေးရဲ့ အနုပညာအလုပ်တွေကို အားပေး လာတာ တွေ့ရပါတယ်။ သူဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူ တစ်ဦးဆိုလည်း မမှားပါဘူး။ Portia Maung ရဲ့ အဘွားဖြစ်သူကတော့ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်ခင်လေးဆွေဖြစ်ပါတယ်။ Portia Maung ဟာ သရုပ်ဆောင် စမိုင်းလ်ရဲ့ ရင်သွေးလေး နှစ်ဦးထဲက သမီးကြီးဖြစ်ပါတယ်။ သမီးငယ်လေးကတော့ ဆုရတီ တို့ ခေါ်ပါတယ်။

သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ စမိုင်းလ် ရုပ်ရှင်ထုတ်လုပ်ရေး ကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က