ကိုယ့်ကို မိတ်ဆက် အထိအောင်ပါပဲ။

ဟန်တီကတော့ မိခင်ဖြစ်သူက သူမကို အိမ်ထောင်ပြုစေချင်တဲ့ ဆန္ဒရှိခဲ့ဖူးတဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Han Thi



အလှမယ် ဟန်တီကတော့ အခုဆိုရင် အသက်(၂၃) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက အိမ်ထောင်ပြုဖို့အထိ စီစဉ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း မိခင် မိတ်ဆက်ပေးတဲ့သူတွေကို လက်မခံပေးနိုင်ခဲ့ဘူးလို့ Duwun ကို ပြောပြလာပါတယ်။ 

“ အရင်တုန်းကတော့ မေမေက ဟန်တီ့ကို အိမ်ထောင်ပြုစေချင်တယ်။ ပေးစားတဲ့ အထိအောင်ပဲ။ မေမေ စီစဉ်ပေးတဲ့သူတွေက ဟန်တီ့ထက် အသက် အများကြီး ကြီးတဲ့သူတွေပါတယ်။ ဟန်တီနဲ့ သင့်တော်မယ်ထင်လို့ စီစဉ်တာဆိုပေမယ့် တချို့ အကြောင်းအရာတွေကိုကျတော့ ကိုယ် နားလည် လက်ခံပေးလို့မရတာပေါ့နော်။ ကိုရီးယားကားတွေထဲမှာဆိုရင် အရမ်း Romantic ဆန်တယ်။ မင်းသားကလည်း Always Perfect လေ နော်။ ဘယ်နားကပဲ ကြည့်ကြည့် ဘက်ပေါင်းစုံကကိုအဆင်ပြေနေတာပေါ့နော်။ ကိုယ်လည်း ကိုရီးယားကားတွေ ကြည့်တာ များနေပြီထင်ပါတယ်။ နည်းနည်း ပြန်လျှော့ရမယ်” ဆိုပြီးတော့ ခန့်စည်သူရဲ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Han Thi

ဟန်တီကိုယ်တိုင်ကလည်း သဘောကျရလောက်တဲ့ ချစ်သူ ပုံစံလေးကို ပြောပြလာပါတယ်။ သူမက အနုပညာရှင် တစ်ယောက်ဖြစ်တာကြောင့် အလုပ်နဲ့ ပတ်သက်ပြီး နားလည်မှုရချင်တယ်လို့ ဆိုပါတယ်။ 

“ ကိုယ်သဘောကျတဲ့ ပုံစံကလည်း အဓိက က ကိုယ့်ကို နားလည်ပေးနိုင်ရမယ်၊ အနုပညာအလုပ်ကို နားမလည်ပေးနိုင်တဲ့သူတွေများတယ်။ အနုပညာအလုပ်ကလည်း နည်းနည်းတော့ ရှုပ်တယ်လေ။ ကိုယ်ကလည်း ဒီအလုပ်ကို အရမ်း ဝါသနာပါတဲ့သူ ဖြစ်တဲ့အတွက် ဟန်တီ့ကို နားလည်ပေးနိုင်ရမယ်၊ ကိုယ် ဆိုးတာကိုလည်း သည်းခံပေးနိုင်ရမယ်ပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။  

Photo: Han Thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က