အချိန်ရတိုင်း ဂုဏ်တော်တွေ ရွတ်ခိုင်းတယ်။
Sabal Thwin

စမိုင်းလ်ဟာ လိမ္မာတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရထားတာကြောင့် စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းကြတယ်လို့ သူကပြောပါတယ်။

Photo: Smile Mg

သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ သမီးကြီး Portia Maung ရဲ့ အသက် ၁၅ နှစ်ပြည့် မွေးနေ့မှာ ယောက္ခမဆီက ဝယ်ထားတဲ့ စိန်နားကပ်ကို လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ဆိုပါတယ်။ သမီး နှစ်ယောက် စလုံးကလည်း အရမ်း လိမ္မာတယ်လို့ မီဒီယာ အင်တာဗျူးတွေက ဖြေဆိုခဲ့ပါတယ်။

"အစ်မမှာ သမီးလေးတွေရှိတယ်။ သူတို့ကလည်း အခုထိ လိမ္မာတယ်။ အရမ်းကြီး သွန်သင်ရတာမျိုးတွေလည်းမရှိဘူး။ အစ်မတို့ အရှေ့မှာ လုပ်နေသရွေ့ အစ်မတို့က သူ့ရဲ့ Roal Model ဖြစ်နေမှာပဲ။ အမေ အဖေ လုပ်တတ်တဲ့ အလှူလေးတွေကို သူတို့လည်း လုပ်ချင်တယ်။ ဒါတွေဟာ လုပ်ယူလို့မရတဲ့ ပီတိပေါ့နော်"လို့ ဆိုပါတယ်။

Photo: Smile Mg

စမိုင်းလ်ဟာ သမီးလေး နှစ်ယောက်ကိုဘာသာရေးမှာ မလစ်ဟင်းအောင် ကြိုးစားခိုင်းတယ်လို့ စမိုင်းလ်က ပြောပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပတ်သက်လာရင် မိသားစုတွေ အတူတူ လုပ်တာများတယ်လို့ သိရပါတယ်။

" သူတို့ကို ဘုရား၊တရားလုပ်ခိုင်းတယ်။ အခု အစ်မ လုပ်နေတဲ့ အရာတွေမှာ သူတို့ကိုလည်း တောက်လျှောက်လုပ်ခိုင်းတယ်။ တစ်ခု ခိုင်းတာကတော့ ဂုဏ်တော်ပွားတာပေါ့နော်။ အချိန်ရရင် ရသလို ဂုဏ်တော်ရွတ်၊ ဘုရားစာရွတ်၊ ပုတီးစိပ်ပေါ့။ ဒါပေမယ့် သူတို့အရွယ်တွေက ဘုရားခန်းမှာ ထိုင်ပြီး မလုပ်ချင်ဘူးလေ။ ဒီတော့ နာရီမှာ Alarm လေးတွေ ပေးထားတယ်။ ဘယ်အချိန်မှာ ဘုရားစာရွတ်ကြ ဆိုပြီးတော့ သတ်မှတ်ထားတယ်။ အဲဒီအချိန်ရောက်ပြီဆိုရင် မိသားစုဝင်တွေ အချင်းချင်း လှမ်း သတိပေးကြတာပေါ့နော်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့က Portia Maung ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Smile Mg

သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ စမိုင်းလ်ဟာ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သလို၊ အရမ်းလိမ္မာတဲ့ သမီးလေး နှစ်ယောက်ကို လည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ စမိုင်းလ် ရုပ်ရှင်ထုတ်လုပ်ရေး ကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။




ဆက်စပ်အကြောင်းအရာများ


က္က