သဘောကျတဲ့လူရှိရင် အမေနဲ့ ပေးတွေ့တယ်။

ပိုးကြာဖြူခင်ကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးမယ်လို့ ဆိုပါတယ်။ 

Photo: K



သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ သူကိုယ်တိုင်ရွေးချယ်သွားမယ့် ချစ်သူပုံစံကိုလည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ညီမအနေနဲ့က နှလုံးသားရေးရာနဲ့ ပတ်သက်ရင် နည်းနည်း လျှို့ဝှက်တဲ့ လူထဲမှာ ပါတယ်။ အရင်တုန်းက ရည်းစားတွေအများကြီးထားခဲ့ဖူးတဲ့ သူတွေထဲမှာ မပါ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရည်းစားရဖို့တောင်မှ မသေချာတဲ့ ဘဝကြီးပါ။  တကယ်လို့ ကိုယ့်ကို လာပြီးတော့ သဘောကျတယ်လို့ ပြောလာရင် အမေနဲ့ ပေးတွေ့တယ်။ အမေက သဘောမကျဘူးဆိုရင် အဆင်မပြေဘူး။ ခိုးပြီးတွဲရအောင်လို့လည်း ကိုယ်က ဆယ်ကျော်သက်အရွယ်မဟုတ်တော့ဘူး။ တကယ်လို့ လက်တွဲဖြစ်ရင်တောင်မှ ကိုယ့် မိဘနဲ့ အဆင်ပြေတဲ့ လူမျိုးကိုပဲ တွဲဖြစ်မှာပါ" လို့ သူက ဆိုပါတယ်။ 

Photo Poe Kyar Phyu Khin

ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အောင်မြင်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ အချစ်ရေးအတွက် အချိန်ပေးပြီးစဉ်းစားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ 

“ ဒီခေတ်က ရည်းစားထားရင်တောင် အချိန်ပေးနိုင်မှ ထားလို့ရမှာလေနော်။ အချိန်မပေးနိုင်ရင် ရန်ဖြစ်မယ်၊ သူများအနောက်ပါသွားမယ် ဒီလိုတွေ ကြုံရမှာပဲလေ။ အလုပ်က တောက်လျှောက်လုပ်နေရတဲ့ အချိန်ဆိုတော့ အလုပ်ထဲမှာပဲ ဦးနှောက်ကို နှစ်ထားပါတယ်။ သူများတွေလို ရင်သိပ်မခုန်တတ်တဲ့အခါကျတော့ တစ်ယောက်တည်း အေးဆေးနေတာ များတဲ့ အတွက် အခြားတစ်ယောက်ယောက်နဲ့ တိုင်ပင်တာမျိုးတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အချစ်ရေးမှာတော့ ကိုယ်ချစ်တာကိုပဲ ကိုယ့်ဘာသာ ဆုံးဖြတ်မှာပါ”ဆိုပြီးတော့ အဆိုတော် စိန်လင်း(Aroma) နဲ့ ကြော်ငြာရိုက်ကွင်းမှာ အခုလို ဖြေဆိုခဲ့တာပါ။ 

Photo Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က